Pt.7

717 117 50
                                    

ဤမိုးသည်းညလေးသည် ထယ်ယောင်းအတွက် တကယ်ကိုပင် မမေ့နိုင်စရာ ညတစ်ညဖြစ်ခဲ့ရသည်...

သူ့လက်ကိုဆွဲကာ ကားလမ်းမဆီပြေးနေသော ဆော့ဂျင်၏အနောက်သို့ အပြေးလိုက်နေရင်း ဒါသာ အိပ်မက်တစ်ခုဆိုရင် သူဘယ်တော့မှ မနိုးထချင်သည့် အိပ်မက်မျိုးသာ ဖြစ်သည်...

အငှားကားတစ်စီးကိုတားကာ ကားနောက်ခန်းထဲသို့ နှစ်ယောက်သား အမြန်၀င်ထိုင်ရင်း ဆော့ဂျင်၏တိုက်ခန်းလေးရှိရာသို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံး ဆော့ဂျင်၏လက်လေးကို ထယ်ယောင်း တင်းတင်းဆုပ်ကိုင်ထားသည်မှာ သူ့လက်က လွတ်ထွက်သွားမှာ စိုးသည့်အလား...

"ချမ်းလို့လား ထယ်"

သူစိုက်ကြည့်နေသည်ကို မနေတတ်သလို ဆော့ဂျင်က ပြန်ကြည့်လာကာပြောတော့ သူခေါင်းယမ်းပြလိုက်သည်... ဆော့ဂျင်ကို‌ ငေးကြည့်နေသည့် အကြည့်များကိုတော့ မလွဲနိုင်သေးပေ..

စောနက သူ့နှုတ်ခမ်းများကို ထိတွေ့လာသော ဆော့ဂျင်၏ နှုတ်ခမ်းလုံးလုံးလေးသည် ခုတော့ အေးနေလို့ အနည်းငယ်ဖြူဖျော့နေချေပီ.. သူလဲ အတူတူပဲထင်ပါတယ်...

အအေးဒဏ်ကြောင့် နှာထိပ်ဖျား‌လေးလဲ ရဲနေသည်မှာ ကြွက်ပေါက်စလေးလိုပဲ...

သူစိုက်ကြည့်နေရာမှ ရုတ်တရက် ဆော့ဂျင်ကိုသိုင်းဖက်ကာ ဆော့ဂျင်၏ပခုံးပေါ် သူ့မေးကိုတင်လိုက်တော့ ထိုကောင်လေးက သူ့ကျောကို အသာအယာ ပုတ်ပေးသည်...

အားကိုးရာရနေသလို ဆော့ဂျင်ကို ခပ်တင်းတင်းဖက်ထားရင်း ကားပြတင်းပေါက်မှန်အား သဲကြီးမဲကြီး ရိုက်ခတ်နေသော မိုးရေစက်နှင့်အတူ မိုးရွာသံများနှင့် မိုးခြိမ်းသံများကို သူ ပထမဆုံးအကြိမ် အကြောက်အရွံ့မရှိ နားထောင်နေမိသည်...

~~~~~~~~~~~××××××××××~~~~~~~~~~~

သူ့တိုက်ခန်းဆီသို့ ပြန်ရောက်တော့ ထယ်ယောင်းကို အရင်ရေချိုးစေရင်း သူတို့နှစ်ယောက်၀တ်ရန် အ၀တ်များကို သူထုတ်နေမိသည်...

သူ့ဆီ လာအိပ်နေကျပေမဲ့ အ၀တ်ပိုဘယ်တော့မှမယူလာတတ်သော ထယ်ယောင်းက သူ၀တ်သည့်အ၀တ်များကိုသာ သဘောကျသည်တဲ့လေ...

𝐊ɪᴍOù les histoires vivent. Découvrez maintenant