Pt.11

533 89 69
                                    

ရုံးကို ခါတိုင်းထက် ၁၅မိနစ်လောက်နောက်ကျပြီးမှ ဆင်းလာသောဆော့ဂျင်သည် ရုံးခန်းထဲမှထွက်လာစဥ် သူတို့အထပ်ကမီးများတောင် ပိတ်ခါနီးနေပြီ...

သက်ပြင်းတချက်သာချကာ ဓါတ်လှေခါးဆီ ခပ်သွက်သွက်လျှောက်ရင်း အနည်းငယ်ကြောက်ရွံ့လာစိတ်ကို ဖုံးလိုက်သည်...

ဆော့ဂျင် သူများတွေနဲ့ ရုံးဆင်းချိန် အတူလိုက်မဆင်းတာ အကြောင်းရှိသည်...

တယောက်ယောက်က စကားလာပြောလို့ စကားပြန်ပြောနေရင်း စကားစမပြတ်ပဲ အပြင်ကိုရောက်သွားရင် ထယ်ယောင်းက အရမ်းသ၀န်တိုလွန်းလို့...

တခါတလေ တဖက်လူက ရင်းရင်းနှီးနှီးနဲ့ ခါတိုင်းလိုပဲ ပခုံးပုတ်သွားရင် ထယ်ယောင်းက လက်သီးတင်းတင်းဆုပ်ကာ ဆိုင်ကယ်ရပ်ထားရာကနေ သူတို့ဆီလျှောက်လာနေပြီ...

အရင်ကတည်းကလည်း သူ့စီနီယာများ၊ မန်နေဂျာများနှင့်သူ ဒီလိုပဲ ရင်းရင်းနှီးနှီးနေတာမို့ အရမ်း‌တော့မျက်နှာပူရသည်...

အသက်ကြီးကြီးငယ်ငယ် ထယ်ယောင်း၏မျက်စိထဲမှာ အကုန်လုံးက သူ့ကိုမရိုးမသားမျက်လုံးများနှင့် ကြည့်သည်ဟုဆိုပြီး လိုက်စွပ်စွဲတတ်သေးသည်...

သူထင်ထားတာက ထယ်ယောင်းနဲ့အနေအထားတစ်ခုထိ သွားပြီးရင် သူဟာ ထယ်‌ယောင်းရဲ့အပိုင်ဖြစ်‌ကြောင်းပြလိုက်လို့ ထယ်ယောင်းက သူ့ကိုသူပိုပြီး စိတ်လုံခြုံမှုရှိလာမယ်ထင်တာ၊ ဒါပေမဲ့ သူ့အပိုင်ဖြစ်သွားလို့ ခု ဘယ်‌ကောင့်ကိုမှ ကြည့်မရတော့ဘူးပါ ဖြစ်သွားသည်...

တခါတလေကျတော့လည်း အရမ်းမျက်နှာပူပြီး စိတ်ကသိက‌အောင့်ဖြစ်ရပေမဲ့ သူ့ကိုချစ်လို့ဖြစ်တာမို့ သူဘာပြောလို့ရမလဲ... ထယ်ယောင်းမှာ အဲ့လို အရမ်းဥစ္စာခြောက်သည့် အကျင့်လေးကလွဲရင် သူ့ကို တုန်နေအောင်ချစ်တာမလား...

အချစ်ငတ်သူနှင့် ချစ်ချင်သူ၏ကြားမှာ တချို့ကိစ္စလေးတွေက မသိချင်ယောင်ဆောင်ပေးထားရမှာပေါ့....

ခုလည်း ရုံးပေါက်ကထွက်လာသည်နှင့် သူ့ကို လက်‌ဝှေ့‌ယမ်းပြနေကာ ပြုံးရွှင်နေသောထယ်ယောင်းကိုမြင်တော့ ဆော့ဂျင်မှာ ဘာအပြစ်မှလည်း မမြင်နိုင်တော့ပေ...

𝐊ɪᴍWhere stories live. Discover now