Pt.10 🚨

706 101 77
                                    

"ငါကျွေးတာကိုမစားချင်တဲ့ ပထမလူအတွက် ငါ့ရဲ့ Gummy candy က expired ဖြစ်သွားပြီ... ဒါပေမဲ့ ခု မင်းကိုကျွေးဖို့ ငါ့မှာ candy တစ်လုံးရှိနေမယ်ဆိုရင် မင်းဘာပြောမလဲ"

"ဟင်"

"အဟမ်း.. နှစ်ခါမပြောဘူး"

ပြောပီးချက်ချင်း သူ့ပခုံးပေါ်မေးတင်ကာ မျက်နှာကိုပါ ၀ှက်ထားသောဆော့ဂျင်ကြောင့် ထယ်ယောင်းမှာ ခြေဖျားလက်ဖျားတွေပါ အေးစက်လာရ...

သူလား.. ရူးလောက်အောင် လိုချင်ဖူးတာပေါ့.. ကိုယ်ချစ်ရတဲ့သူနဲ့ ဒီလိုအဆုံးစွန်ထိသွားဖို့ဆိုတာ ယောကျာ်းတိုင်းရဲ့ဆန္ဒပဲမို့...

ဒါပေမဲ့ သူ့ဘဲပေါက်လေးက ဘယ်သူနဲ့မှ နမ်းလည်းမနမ်းဖူးဘူး၊ ဒီကိစ္စမျိုးမှာလည်း အတွေ့အကြုံမရှိတာမို့ အသားနာမှာကြောက်သည်တဲ့လေ...

ဆော့ဂျင်နဲ့ပတ်သက်လာပြီးမှ အတင်းအကျပ်လုပ်ယူတတ်တဲ့ ထယ်ယောင်းဆိုတာ အတိတ်မှာကျန်ခဲ့ပြီမို့ သူ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆော့ဂျင်ကို နည်းနည်း‌လေးမှတောင် စကားမဟခဲ့တာ...

ဆန္ဒရှိလာရင် ရေချိုးခန်းထဲ၀င်ပြီး ဆော့ဂျင်ကိုမှန်းကာ ဖြေဖျောက်ရုံနဲ့ ကျေနပ်ခဲ့သည်ပဲလေ...

ခုတော့ ဥစ္စာရူးလေးထယ်ယောင်းကို ဥစ္စာရှင်ဖြစ်ကြောင်း သက်သေပြဖို့ ၊ သူနဲ့တစ်သားတည်းဖြစ်ဖို့ ဆော့ဂျင်က ခွင့်ပြုလိုက်သည်တဲ့လား...

~~~~~~~~~~~××××××××××~~~~~~~~~~~

တဖြောက်ဖြောက်ကျ‌နေသော မိုးစက်သံများသည် ဒီတခါလည်း ထယ်ယောင်းအတွက်တော့ သာယာနာပျော်ဖွယ်အတိ...

ဆော့ဂျင်နှင့်ဆုံသည့် မိုးရာသီတိုင်းသည်ထယ်ယောင်းအတွက် ပျော်ရွှင်ခြင်းများကိုသာ သယ်ဆောင်လာပေးခဲ့တာ...

သူ မကြိုက်တဲ့မိုးရာသီဆိုတာ ဆော့ဂျင်နဲ့တွေ့မှ နှစ်လိုဖွယ်ရာအဖြစ်သို့ ပြောင်းလဲလာခဲ့တာ...

ခု သူတို့နှစ်ယောက်အတူအိပ်သည့်ကုတင်ပေါ်တွင် ခေါင်းအုံးနှစ်လုံးဆင့်ထားကာ ထိုပေါ်မှာတော့ ဆော့ဂျင်ကိုမှီစေပြီး တရှိုက်မက်မက်နမ်းနေသောထယ်ယောင်း...

𝐊ɪᴍWhere stories live. Discover now