Pt.2

1K 154 87
                                    

"ဒီကောင်လေးကို ရအောင်ရှာပေးပါ Ahjussi"

US မှ ပြန်ရောက်ရောက်ခြင်း ထယ်ယောင်းပေးလာသော ဓါတ်ပုံလေးကိုကြည့်ကာ အိမ်တော်ထိန်းကြီး သက်ပြင်းချမိသည်..

မျက်နှာတောင် အပြည့်မပါ၊ CCTV က‌နေပြန်ကူးယူထားတဲ့ ၀ါးတားတားပုံ‌လေး၊ နာမည်လဲမသိတဲ့သူကို ဘယ်လိုရှာမလဲ..

ဒါပေမဲ့ သူ အထွန့်တက်ပိုင်ခွင့်မရှိ... ဒီကောင်လေး၏ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးရမှာက သူ့ရဲ့သမိုင်းပေးတာ၀န်မို့...

"ဟုတ်ကဲ့.. ကျွန်တော်ကြိုးစားပီး ရှာပါ့မယ်"

"ဘယ်လိုနည်းနဲ့မဆို ရှာပီးခေါ်ခဲ့... တခုပဲ မှဲ့တစ်ပေါက်တော့ မစွန်းစေနဲ့"

ဒီလေသံ၊ ဒီအပြောအဆိုအရ သခင်လေးထယ်ယောင်းနဲ့ ရန်ငြိုးရန်စရှိဟန်မတူ...

ချစ်ခြင်းနှင့်မုန်းခြင်းတို့၏ အစွန်းနှစ်ဖက်တွင်သာနေတတ်သူ ထယ်ယောင်းအတွက် သူ,မမုန်းလျှင် ချစ်လို့သာပင်... သူ့အတွက် ကြားနေ‌ဒေသဆိုတာ မရှိပေ...

ဒါဆိုရင် ဒီကောင်လေးကို သူချစ်လို့ပေါ့...  တနည်းအားဖြင့်ဆိုသော် ချစ်တာကိုခေါင်းစဉ်တပ်ပီး သိမ်းထားချင်တဲ့ နောက်ထပ်သက်ရှိလေးပေါ့...

"ဟုတ်ကဲ့... မှဲ့တစ်ပေါက်မှ မစွန်းစေရပါဘူး"

သူ့အဖြေကို ထယ်ယောင်းစိတ်တိုင်းကျသွားဟန်ဖြင့် ခေါင်းတချက်ငြိမ့်ကာ အိမ်ထဲ၀င်မည်ပြင်တော့..

"သခင်‌လေး ထယ်ယောင်း"

အသိပေးစရာရှိသေးသည်မို့ သူ့ခေါ်သံကြောင့် လှည့်ကြည့်လာသူ ထယ်ယောင်း၏ မျက်နှာက ခံစားချက်မဲ့နေသည်..

"Jackie လေး နေမကောင်းဖြစ်နေတယ်"

ထယ်ယောင်း မျက်မှောင်ကျုံ့သွားကာ..

"ဟုတ်လား"

"ဟုတ်ကဲ့"

"ဘာဖြစ်တာတဲ့လဲ"

စိတ်ပူနေလား၊ မပူဘူးလား ခွဲခြားမရနိုင်သည့် သူ၏မျက်နှာ‌ပေးကို ကြိုးစားဖတ်ကာ အိမ်တော်ထိန်းကြီးက ..

"ဆရာ၀န်ကပြောတာတော့ အညောင်းမိပီး အကြောကပ်ချင်တယ်လို့ ပြောတယ်"

𝐊ɪᴍWhere stories live. Discover now