ထယ်ယောင်း ဒီနေ့တော့ နေ့ခင်းဖက် ကင်မ်အိမ်တော်ကိုပြန်လာသည်...
ပုံမှန်အတိုင်းပင် ဆော့ဂျင်က အလုပ်ပြန်ဆင်းနေပီး သူက ဘာမှမလုပ် ယောင်လည်လည်ပဲမို့...
ခါတိုင်းနှင့်မတူတာက ပိုလွမ်းသည်.. ညနေမြန်မြန်ရောက်ချင်နေမိသည်...
အမြဲလိုလို သောကြာနေ့ရောက်ဖို့ မျှော်နေရသည်မှာ အလုပ်တခုလို...
သောကြာနေ့ရောက်မှ သူ အဲ့ညဆို ဆော့ဂျင်အိမ်မှာ အိပ်လို့ရမှာ... စနေရယ်၊ တနင်္ဂနွေပါ ထပ်အိပ်လို့ရပြီး ခုလိုတနင်္လာမျိုးဆို သူက သူ့အိမ်ကိုသူပြန်လာပြီ...
သူသာတောင်းဆိုရင် ဆော့ဂျင်ငြင်းမှာမဟုတ်မှန်းသိပေမဲ့ အိမ်တော်ထိန်းကြီးကိုလည်း သူ ကလန်ကဆန်မလုပ်ချင်ပေ...
သူရှာသမျှပြဿနာတွေကို သူ့အဖေထိမရောက်အောင် လိုက်ရှင်းပေးသူက အိမ်တော်ထိန်းကြီးတစ်ယောက်တည်းသာ ရှိသည်မလား...
~~~~~~~~~~~××××××××××~~~~~~~~~~~
ကျွီ !!
သူ့ဆိုင်ကယ်က ကင်မ်အိမ်တော်ရဲ့ ပေါ်တီကိုအောက်ကို ထိုးရပ်လိုက်သည်နှင့် အပြေးအလွှားထွက်လာကြိုသော အိမ်တော်ထိန်းကြီး...
ခါတိုင်းလိုပင် သူ့ကို ဘာအထိအခိုက်မှ မရှိတာမြင်တော့မှ သက်ပြင်းချကာ...
"သခင်လေးအကြိုက်ဟင်းတွေ အများကြီးချက်ခိုင်းထားတယ်.. ဒီနေ့လိုဆို သခင်လေးအိမ်ပြန်လာတတ်လို့"
ဆော့ဂျင်နဲ့သာအတူရှိနေရင် သူသိပ်ကြိုက်တဲ့အာလူးလဲ မစားပဲနေနိုင်သလိုကြက်သွန်ဖြူမပါတဲ့ဟင်းလဲ သူစားတတ်လာကြောင်း အိမ်တော်ထိန်းကြီးကို မပြောပြဖြစ်ပေ...
ဆော့ဂျင်ကလဲ သူမစားနိုင်မှန်းသိလို့ သူနဲ့စားရင် အစပ်မပါတဲ့ဟင်းမျိုး ရွေးမှာတာမို့...
ချစ်ရသူနဲ့ အတူနေရတဲ့အချိန်တွေဆိုရင် အရာရာတိုင်းက ချိုမြိန်နေတာမို့ သူ့အတွက်အကြိုက်ဆုံးဟင်း၊ အကြိုက်ဆုံးပစ္စည်းဆိုတာ မရှိတော့သလိုပင်...
သြော်.. နောက်တခုက မမြင်ချင်တဲ့သူကို မြင်နေပီး စားနေရတာလဲ အရသာပျက်တယ်လေ...
YOU ARE READING
𝐊ɪᴍ
Fanfictionဒီဓါတ်ပုံထဲကောင်လေးကို ရအောင်ရှာ၊ ဘယ်လိုနည်းနဲ့မဆို ခေါ်ခဲ့။ တခုပဲ မှဲ့တစ်ပေါက်တော့မစွန်းစေနဲ့။ [taejin]