Pt.6

850 129 72
                                    

📱ဆော့ဂျင်လေးက အဲ့ကုမ္မဏီမှာ အလုပ်၀င်တာ ၆လလောက်တော့ရှိပီတဲ့... ကုမ္မဏီမှာဖြည့်ထားတဲ့လိပ်စာအရ သူ ခုနေ,နေတဲ့တိုက်ခန်းက ငှားနေတာ

📱အင်း

📱အဲ့ဒီတိုက်ခန်းပိုင်ရှင်ကို ဆက်သွယ်ပီးမေးကြည့်တော့ ဆော့ဂျင်လေး နယ်ကတက်လာပုံပဲတဲ့... ရောက်ခါစကဆို ဘယ်မှမသွားတတ်ဘူးတဲ့.. ခုထိလဲ အိမ်နဲ့အလုပ်ကိုဘတ်စ်ကားနဲ့ပဲ သွားတတ်တယ်တဲ့

📱 ဟုတ်လား.. မိဘတွေရော

📱မိဘတွေတော့ ရှိလောက်တယ်တဲ့...တခါတလေ အိမ်နဲ့ဖုန်းပြောနေတာ ကြားဖူးတယ်တဲ့... အိမ်ထမင်း၊ အိမ်ဟင်း လွမ်းနေတဲ့ပုံမို့အိမ်ရှင်ကတောင် တခါတလေ ဟင်းတွေချက်ပီး သွားသွားပေးတယ်တဲ့

ဟုတ်မှာပေါ့... တယောက်တည်းနေတယ်လဲဆိုသေး၊ ဘာမှလဲ မချက်မပြုတ်တတ်တာသာ ကြည့်တော့...

📱ကျန်တာကတော့ သူနဲ့စကားပြောပီးမှ ဖြည်းဖြည်းချင်းစီ မေးပေါ့... ခုနေ သိတာမှ ၂ရက် ၃ရက်ပဲရှိသေးတာ... အများကြီးသွားမေးရင် သူက ဘာကြီးလဲဟဆိုပီး ဖြစ်သွားမှာ

📱အင်း.. အဲ့ဒါမို့ သူ့ကိုမမေးပဲ အောင့်ထားတာ... သူ့အကြောင်းသိချင်နေတာ ပြန်စတွေ့တဲ့ ညကတည်းကပဲ

📱သခင်လေး... ကျွန်တော် ထပ်သတိပေးတယ်နော်..သူက သခင်လေး လွယ်လွယ်နဲ့၀ယ်လို့ရတဲ့ အကောင်လေးတွေလို မဟုတ်ဘူး... မိသားစုရှိတယ်.. အဲ့ဒါမို့စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့

📱မလုပ်ပါဘူး... သူကလဲ ကျွန်တော့်ကိုကြောက်မနေဘူး... ကျွန်တော့်ပြောစကားဆိုနားထောင်တယ်... ဒီနေ့ညနေလဲ သူနဲ့ ညစာအတူစားမှာ

အိမ်တော်ထိန်းကြီး ထယ်ယောင်းမသိအောင် သက်ပြင်းမောကို အသာချရင်း..

📱ဒီညတော့ အိမ်ပြန်လာတော့နော် သခင်လေး

📱ဒါပေမဲ့..

📱နောက်ရက်တွေလဲ တွေ့လို့ရနေတာပဲလေသခင်လေးရယ်... မနက်ဆို သူ့ကို သခင်လေးက အလုပ်ကိုလိုက်ပို့ပေါ့.. ညနေအပြန်ကြို၊ညစာစားပီး ပြန်လာလေနော်

အိမ်တော်ထိန်းကြီး၏ ချော့ချော့မော့မော့ပြောဆိုသံအဆုံးတွင် ထယ်ယောင်းစိတ်လျှော့လိုက်ကာ..

𝐊ɪᴍWhere stories live. Discover now