part 5

1.6K 119 6
                                    

🍓🍓မတည့်အတူနေ🍓🍓

"သား ပြောလေ မားကို  အားမနာနဲ့"
"ဟုတ်"
"Joen ဒယ်ဒီတို့ မျက်နှာမပျက်ချင်ဘူးနော်"

"မား ကျတော် မင့်ကို အမြန်ဆုံး လက်ထပ်ချင်တယ်"
"ဟမ်...."

လူကြီးတေ ပါးစပ်အဟောင်းသားဖြစ်သွားသည် ....ပြောတော့ လက်မထပ်ချင်ဘူးဆို ခုကျတော့လဲ အမြန်ဆုံးတဲ့လေ...

"ဘာ....မင်းဘာတေလျောက်ပြောနေတာလဲ အရူးရဲ့ ....
ငါပြောတာက မဂ်လာပွဲဖျက်ပေးဖို့လေ ..ခွေးကောင်"

Jk jmဒေါသထွက်နေတာလေးကို သဘောကျကာ  မျက်ခုံးတဖက်ပင့်ကာ  ခနဲ့ပြုံးလေးပြုံးပြလိုက်သည်

"တော်စမ်း မင် တိတ်တော့...."
"ဘာလို့တိတ်ကမာလဲ ပါး...
အဲ့ကောင် တမင်သက်သက် မင့်ကို ညစ်နေတာ...လုံးဝလက်မထပ်နိုင်ဘူး မင်အိမ်ပေါ်က ဆင်းမယ်"

Jm စိတ်ဆိုးကာ ထွက်သွားရန် ခြေလှမ်းတွေ ပြင်လိုက်တော့

"ပါးရေ ရှူဆေးလေးပေးပါအုံး ....အမလေ အမောဖောက်လာပြန်ပြီ ....မောတယ် အရမ်းမော......"
"ဟယ်...ယု...သတိထားပါအုံး..."

သတိလစ်သွားတော့...  ယပ်ခတ်ပေးတဲ့လူနဲ့... ရင်ဘက်ဖိပေးတဲ့လူနဲ့...ရှူဆေးဘူး နှခေါင်းတေ့ပေးတဲ့လူနဲ့  အမေဖြစ်သူနားမာ ဝိုင်းအုံနေတော့ သားဖြစ်သူက မကြည့်ဘဲ အိမ်ပေါ်က ဆင်းသွားလို့လဲမဖြစ်....

"ကျစ်...မားက လုပ်ပြန်ပြီ ဒါနဲ့ပဲ အကျပ်ကိုင်နေတာ...
ကောင်းပြီ လုပ်ချင်သလိုသာ လုပ်ကျတော့ မင်ဘာမှမပြောတော့ဘူး..."
"ဟင်...ယု..သတိရပြီလား"
"အမလေး ခုမှပဲ သက်သာတော့တယ်"

Jmနှုတ်ခမ်းလေးရွဲ့သွားသည်
*ဒါက မားရော သူတို့ပါ  အကျပ်ကိုင်နေကြတာ  တယောက်နဲ့ တအုံနဲ့ဆိုတော့ ဒီက မင်ကပဲအရှုံးခံလိုက်မယ်...ဒါမဲ့လက်တော့လုံးဝ မထပ်နိုင်ဘူး ...တခုခုတော့ ကြံရမာပဲ*

"သားပြော ဘယ်နေ့လောက်လက်ထပ်ချင်တာလဲ"
"ဒီလအတွင်းပဲလက်ထပ်မယ်.....
အမြန်ဆုံးဆိုတော့ ဒီလ13ရက်နေ့ပဲ လက်ထပ်ချင်တယ်...အဆင်ပြေလား"
"မင်း အဲ့ဒါတော့လွန်တယ်....
ခုပဲ 10ရက်နေ့ဖြစ်နေပြီ 13ရက်နေ့ဆိုတော့ ကြားထဲ ၃ရက်ပဲ အချိန်ရတယ် ..လုံးဝမဖြစ်နိုင်ဘူး"
"မင်းလေး ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ..."
"ပေါက်ကရတေ မပြောနဲ့"
"ဘယ်ပြောရမလဲ မင်လေးဦးနှောက်က လူထက်ကြီးနေတာကို.."
"မင်း လာခဲ့ အပြင်မာသွားပြောမယ်..."
ဆိုပြီး jkလက်ကို အတင်းစောင့်ဆွဲလိုက်သည်

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now