part 18

1.4K 108 3
                                    

🍓🍓မတည့်အတူနေ🍓🍓

အချိန်တေလည်း တဖြေးဖြေးကုန်တာမြန်လာပြီ....ဘာလိုလိုနဲ့ပြန်မဲ့ရက်တောင်နီးလာပြီ...
ဗြောလေးလည်း မသိရင် ကိုယ်တေ ခလေးသားကျ အချိန်ရှိတိုင်း အိမ်မာပဲ မိဘတေလာခေါ်လဲမလိုက်ဘူး...တခါတလေ အိမ်မာတောင်အိပ်သွားတယ်....

"ဦးဦး.... ဦးဦးနဲ့ ကိုကိုက ဘာတေလဲ...ဟင်..''
"မင်း ကိုကို ကိုမေးကြည့်လေ....ဘာတော်လဲလို့..''
"သားသားမေးတာ ဦးဦးက ကိုကို့ ညီလေးတဲ့...ဟုလား..''
"ဘာ ညီလေးလဲ..ပေါက်ကရတေ....
ဦးဦးက ကိုကို့ရဲ့ လင်..မှတ်ထား...''
"ဟင်...အဲ့ဒါဘာပြောတာလဲ...''
"ကျစ်...ပေါက်ပေါက်ရှာရှာ တအားမေးပဲ...ငါဘယ်လိုပြောရမလဲ...
သွားတော့ မင်းကိုကိုကိုမေးကြည့်...''
"ညီလေးပဲ ထားလိုက်တော့မယ်...ကိုကိုက ညီလေးတဲ့...''
"ကျစ်...ဒီခလေးလေးကတော့...ငါပြောပြမယ်....
ဦးဦးနဲ့ကိုကိုနဲ့က မင်းappaနဲ့ ommaလိုပေါ့.....''
"ဟုလား..ဒါဆို..သားသားလို ခလေးလေးကရော...''

"ဗြောလေး...ပေါက်ကရတေလျှောက်မမေးနဲ့...လာကိုကို့ဆီ..''
"ခိခိ.....ဟုတ်...''

ခွေးလေး သူမေးချင်တာမေးပြီးရီနေလိုက်တာ ခွက်ထိုးခွက်လန်.....

"မင်...ညနေကျလေ...ကိုယ်တို့တနေရာသွားကြမယ်..
နေကြာပန်းခင်းတွေ့ထားတယ်...ကိုယ်တို့ပြန်ခါနီးပြီဆိုတော့..အဲ့နေရာလေးသွားကြမယ်လေ...''
"သဘောပဲ..''
"အင်း..''

ညနေရောက်တော့ ဗြောလေးကိုပါအိမ်ပြန်လိုက်ပို့ရင်းနဲ့...နေကြာပန်းခင်းဆီသို့ ဆက်လျှောက်လာလိုက်တယ်....

"Wow....''
"လှတယ်မို့လား...''
"အင်း...''
"မင်...ကိုယ်ပြောစရာရှိတယ်...''
"အင်း....ပြောလေ...''

ပန်းခင်းကို မျက်နှာမူပြီး မျက်လုံးလေးမှိတ်...လေညင်းလေးကတိုး.....

ညနေဆည်းဆာနေရောင်ခြည်အောက်မာ ပန်းအလှနဲ့အပြိုင် မင့်ရဲ့အလှက ပိုတောက်ပ နေတော့ ကျတော် ငေးမိပြီပေါ့....

"ဟင်...ဘာမှလဲမပြောဘူး...နားထောင်နေတယ်လေ....''

ကျတော့ဘက်ကိုလှည်ပြိးနှုတ်ခမ်းလေးစူပြကာ...ပြောပြိး...တဖန်ကောင်းကင်ယံမာ ပျံသန်းနေတဲ့ ငှက်ခလေးတေကို ကြည့်ကာ သဘောကျစွာ ပြုံးနေသူ.....

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now