part 11

1.5K 103 6
                                    

🍓🍓မတည့်အတူနေ🍓🍓

မင်တယောက် နှုတ်ခမ်းကစူ မိက်နှာက ရှစ်ခေါက်ချိုး ပါးစပ်ကလဲ ပွစိပွစိ...
သေချာတာကတော့ joenကို ကျိန်ဆဲနေတာပဲ.....

" ပါးစပ်က လှုပ်စိလှုပ်စိနဲ့ ....
ဘာလဲ နှုတ်ခမ်း ပုရွက်ဆိတ်ကိုက်လို့လား'"
"စိတ်သိပ်မကြည်ဘူး ရန်စကားလာမပြောနဲ့..."

နှယောက်သား အောက်ဆင်လာတာတောင် စကားများပြီးဆင်းလာတယ်...

"မာမီ,မား သားတို့သွားတော့မယ်နော်..."
"အေး ကောင်းကောင်းသွား ရန်ဖြစ်မနေနဲ့အုံး....'
"ဟုတ်..."
"မင်လေအလုပ်မှာ သားစကားနားမထောင်ရင် မားကို တိုင်နော်...
သူအရွယ်ရောက်နေပြီ ဘာမှမလုပ်တတ်သေးဘူး သားကသေချာသင်ပေးလိုက်ပါအုံး..."
"ဟုတ်မား...မရ ရတဲ့နည်းနဲ့သင်ပေးလိုက်ပါ့မယ်..."
"🙄🙄🙄
စကားမများနဲ့ သွားမယ်...
မာမီ,မား မင်တို့သွားတော့မယ်..."
"အင်း..."

ကုမ္ပဏီရောက်တော့ ဝန်းထမ်းမိန်းခလေးရော ယောက်ျားလေးတေပါ မင်ကိုလိုက်ငမ်းနေတာ မပြောချင်ဘူး....
Jk.jmက သူ့အပိုင်ဖြစ်ကြောင်း...ခါးလေးကနေ ဆွဲဖက်လိုက်ပြီး နဖူးလေးကို နမ်းပြလိုက်သည်...
ထိုမှ ဝန်ထမ်းတေလည်း အကြည့်များလွဲကာ ကိုယ့်အလုပ်ကိုယ် ပြန်လုပ်‌ကြတော့သည်
Jmကတော့ jkကို မျက်လုံးလေးပြူး မျက်မှောင်လေးကြုံ့ကာ မကြည့်တဲ့အကြည့်နဲ့....

"အဲ့ဒါဘာလုပ်တာလဲ.. "
"ဘာကိုလဲ...."

သူလုပ်ပြီး သူမသိချင်ယောင်ဆောင်နေသော jkပါ

"မင်းသိရဲ့သားနဲ့နော်..."
"နမ်းလိုက်တာကို ပြောတာလား..."
"....."
"ကိုယ့်ယောက်ျားပဲ နမ်းချင်လို့နမ်းတာအပြစ်လား"
"မင်း...မင်းမရှက်ပေမဲ့ ငါရှက်တယ်...ခွေးကောင်ရဲ့...."
"လာ..စကားမများနဲ့ ရုံးခန်းထဲကို သွားကြမယ်..."
မင့်လက်ကို အတင်းသာ ဆွဲခေါ်သွားသည်

"ကဲ...ထိုင်....
ရော...ဒီဖိုင်တေစစ်..."
"ဘာ....
ငါမှနားမလည်တာကို...ငါဘယ်လို စစ်ပေးရမလဲ ..."
"ဟက်...သင်ပေးမာပေါ့.....
သင်ခတော့ ပေးရမယ်....'"
'"သူ့အလုပ်လည်း ကူလုပ်ပေးရတယ်...သင်ခပါပေးမယ်...
မဖြစ်နိုင်ဘူး jjk.."
'"ပိုက်ဆံမပေးရပါဘူး ပါးလေးကို နမ်းရုံပါ...'"
"ဘာ...."
"လန့်လိုက်တာ...တိုးတိုးပြောပါ...မောင့်နှလုံးသားလေးကနုတယ်..."
"အီ...ရွံ့စရာကြီး...
မင်းအလုပ် မင်းဟာ မက်းလုပ်တော့ ...ငါလုပ်မပေးနိုင်ဘူး..."
"သေချာလား..."
"စမ်းကြည့်လိုက်လေ...😏😏"

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now