part 25

1.3K 101 4
                                    

🍓🍓မတည့်အတူနေ🍓🍓

ညကတည်းကစိတ်ကောက်နေတာ ခုထိကို သူစိတ်ကောက်မပြေသေးတဲ့အပြင် လူကိုတွေ့နေရင် သူက အလိုမကျ...

"မင်...စိတ်ကောက်ပြေပါတော့...မောင်မနေတတ်ဘူး..."
"မင်က ခုဘာဖြစ်နေလို့လဲ..."
"မင်..မင့်ကိုမင် အသိဆုံး...တော်ပါတော့ ...."
"ဘာမဖြစ်ဘူး..မင်က ဘာလို့မောင့်ကို စိတ်ကောက်ရမာလဲ..."
"အ့ဆိုလာ...."
"မလာဘူး.."
"မင်..ဆေးသောက်ရအုံးမယ်..
မနက်စာက မစားရသေးဘူး....လာခဲ့လို့ ပြောနေတယ်.."
"ဆူပြန်ပြီ..😭😭..."
"ဟော....မောင်မဆူပါဘူးကွာ...မငိုပါနဲ့..တောင်းပန်ပါတယ်နော်...မောင်က ခလေးအတွက်ပြောတာလေ..."
"ဘာလို့အော်တာလဲ..."
"ဟုတ်ပါပြီ..မောင်မှားတာပါ..."
"ဟင့်..လူကိုနော် ခလေးရအောင် လုပ်တုန်းကလုပ်ပြီး ခုစိတ်မရှည်ဘူး...ဗြဲ..😭😭"
"ကဲ..ပြော..ဘာဖြစ်ချင်တာလဲ..ဘာလုပ်ချင်တာလဲ...."
"မားအိမ်လိုက်ပို့..."
"ကျစ်...မွေးခါနီး ဖွားခါနီး..မားအိမ်သွားမလို့လား...ကားစီးရအုံးမယ်လေ...အခန့်မသင့် အထဲကခလေးတခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ..."
"ဘာမှလဲ မဆိုင်ဘူး...ဟင့်..ဟင့်...မောင်လိုက်မပို့ချင်လို့..."
"ကျစ်...မင်ကလေ..အရမ်းရစ်တာပဲ...
ခန...လိုက်မပို့ဘူး....
အိမ်ကို ခေါ်လိုက်မယ်...."
"ခွေး...."

အိမ်ပြင်ထွက်လို့ရရင် လမ်းမာ အသံကုန်အော်ပြီး ငိုပြလိုက်ရင် စားချင်တာများ စားရမလားလို့.....ခုတော့...

"မား...လာပြီလား.."
"အင်း..ဘယ်မာလဲ ဟိုတယောက်..."
"ဟိုမာ...
မာမီတို့ပါ ပါလာတာလား..."
"အေးပေါ့...''

"မားတို့...အော်...မာမီတို့..."
"ဘာဖြစ်လို့တုန်း...."
"မာမီ....မောင်ကလေ..မင့်ကိုဆူတယ်...ပြီးတော့အရမ်းချုပ်ခြယ်တယ်...ဟင့်..ဟင့်..."
"Joen..."
"သားပဲ မှားတာ.....
မင် မတည့်တာတေစားမိ...အလေးအပင့်တေ လုပ်မိမာ ဆိုးလို့ သားလိုက်တားနေရတာ..."
"မင်လေး...သားက..joenစကားနားထောင်ရမယ်လေ...joenက မင်နဲ့ ခလေးကို ကာကွယ်နေတာလေ...မင်လေး အရမ်းမဆိုးနဲ့နော်..မင့်အကြောင့် မားကောင်းကောင်းသိတယ်...."
"ဟင့်...မာမီ..မားလဲသားကိုဆူတယ်...ဗြဲ..😭😭😭..."
"ဟုတ်သားပဲ...ယု...မင်က ကိုယ်ဝန်နဲ့လေ ချော့ပြောရင် ရပါတယ်...ခုချိန်သူတို့ကစိတ်တအားနုတာ..လေသံမာမာနဲ့မပြောကြပါနဲ့...."
"အေးပါ ကျမတိုဘဲ မှားတာ...."

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now