part 21

1.3K 91 2
                                    

🍓🍓မတည့်အတူနေ🍓🍓

ကျတော် ဟင်းချက်တာ ခုဆိုတော်တော်တိုးတက်လာပြီပြောရမယ်.....
အဆင်ပြေလာပြီ....

"မင်...မောင်ဗိုက်ဆာပြီ..."

မောင်ကုမ္ပဏီကပြန်လာပြီဆို...အသံလေးကြားလာရပြီ...
ကျတော်ဟင်းချက်နေသည်ကို အနောက်မှခါးသိုင်းပြီးဖက်ကာ..ချွဲနေသည်....

"ကျက်တော့မယ် ခနလေးစောင့်..."
"မြန်မြန်...မောင်အရမ်းဗိုက်ဆာနေပြီ...
မင်ချက်ထားတဲ့ ဟင်းအနံလေးတေက မောင်အိမ်ထဲဝင်တည်းက ဗိုက်ဆာအောင်လုပ်နေတာပဲ..."
"အပိုတေ...သွား..ဖယ်...
အဲ့လို ချွဲမနေနဲ့ မင်ဟင်းချက်နေတယ်လေ...
ရေးသွားချိုး..ပြီးမှစား..."
"မင်ရော ချိုးပြီးလို့လား.."
"မောင်ချိုးပြီးရင်မင်ချိုးမယ်...သွား..."
"တူတူချိုးမယ်...
မောင့်ကို မင်ချိုးပေး..."
"မောင်....
မောင်ခလေးလား..."
"မောင်က မင့်ရဲ့ခလေးလေးပဲလေ...
မင်းကမှ ခလေး....."
"မောင့်....."

သူထွက်လာမဲ့စကားကြိုသိတယ်....နားမပူပါတော့ဘူးဆို....အဲ့ခလေးကိစ္စက ပါပါလာတယ်....

"မောင်..မောင်ကလေ ဘယ်နေရာကိုပဲရောက်ရောက်...အဲပူတာပဲပြန်ဆိုက်တယ်...အဲ့စကားပဲ မင်စိတ်မကောင်းဖြစ်အောင် ပြောနေသလိုပဲ.."
"မေ့သွားလို့ပါ..မောင်တောင်းပန်ပါတယ်နော်..."
"အင်း ....
ဘေးဖယ်....ဟင်းကို ပန်းကန်ပြားထဲ တခါးတည်းထည့်လိုက်မယ်..."
"မင်..စကားလမ်းကြောင်းမလွှဲပါနဲ့....နော်...နော်လို့...နော်..တူတူချိုးမယ်မလား..."
"မောင်..မရစ်နဲ့ကွာ..
လွှတ်..လွှတ်...သဘောပဲ...
လွှတ်တော့..."
"ဂတိနော်..."
"ဂတိ..ဂတိ..."

ပြောရအုံးမယ် မောင်ကလေ ခလေးယူကြမယ်ဆိုပြီး အတင်းမပူဆာတော့ပေမဲ့ ခလေးတယောက်လို အရမ်းချွဲပြီး ဆိုးလဲဆိုးလာတယ် လူကို အလုပ်ပြန်လာပြီဆို အရမ်းကပ် အပျောက်ကိုမခံ အလွှတ်ကိုမပေးတော့တာ...
ကုမ္ပဏီသွားရင်တော့ မျက်နှာ အရှိန်အဝါကကြီး....လူကြီးဆန်ဆန်နဲ့ ချောမောခန့်ညားတဲ့အပြင် မျက်နှာကလည်းတည်သည်... အိမ်ရောက်ရင်တော့အဲ့ပုံစံက ဘယ်ပျောက်သွားလဲမသိ ခလေးမှခလေးဖြစ်နေတာ...

ရေချိုးပေးခေါင်းလျှော်ပေး...ခေါင်းသုတ်ပေးရတဲ့အပြင် အဝတ်အစားက အစကိုယ်ပဲနေရာတကာလိုက်လုပ်ပေးရသည်...သူပြီးမှ ကိုယ်ကိုကိုယ် ပြင်ဆင်ရတယ်အဖြစ်....

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now