part 7

1.6K 116 4
                                    

🍓🍓မတည့်အတူနေ🍓🍓

  ခြံစည်းပေါ် ကုတ်ဖက်တက်နေရင်းမှ အနောက်မှပေါ်ထွက်လာသောအသံကြောင့် jmမျက်လုံးလေးပြူးကာ လန့်သွားသည်
သူဒီအသံကို ခွေးချီသွားတောင်မှတ်မိတယ်....ဟိုအကောင်အသံပဲ..
သိတယ် ဒါမဲ့ ချက်ချင်းနောက်လှည့်မကြည့်ရဲ သူအပြစ်နဲ့သူမို့......
*ကျစ်...ခွေးကောင် ဘယ်လိုခြံထဲရောက်လာတာလဲမသိဘူး...
တံခါးသော့ခတ်ထားလို့ ငါတောင်ထွက်မရတာကို သူက ဘယ်လိုဝင်လာတာလဲ ဟာ...ဒုက္ခပဲ...
ဆက်ပြီးတက်ရမလား...ဆင်းရမလား....
ဆက်ပြီးတက်လဲ လွှတ်မာမှမဟုတ်ဘဲ ဆင်းပဲဆင်းတော့မယ်...ဟွန့်....*

"အဲ့အပေါ်မာ ဘာလုပ်နေတာလဲ မဆင်းသေးဘူးလား..."
"ဆင်းမာပေါ့လျာမရှည်နဲ့ ခွေးကောင်..."
"ခုက ခွေးတိုးပေါက်ရှာနေတာဘယ်သူလဲ.."
"မင်း...."
"မဟုတ်လို့လား"
"မားက အပေါက်မှ ဖောက်ထားမပေးတာ ... "
"ဒီမာ ချာတိတ်...
အပေါက်ဖောက်ထားရအောင် အိမ်ကို သူခိုးဖိတ်ခေါ်နေတာလား ..ဟမ်..ဒါနဲ့အပေါက်ရှာနေတာ ဘယ်ပြေးမလို့လဲ ..ထွက်ပြေးဖို့တော့ မဟုတ်ပါဘူးနော်..."

Jkအမေးကြောင့် jmမျက်စိပျက် မျက်နာပျက်ဖြစ်ကာ  စိတ်ထဲမရိုးမယွ…စိတ်မလုံ ဖြစ်လာသည်

"ငါက ဘာကိစ္စထွက်ပြေးရမာလဲ.…ရူးနေလား....မဟုတ်ပါဘူး"

မျက်နှာတဖက်လွဲကာ အတင်းအကန်ငြင်းနေသော jm.....
မျက်နှာချင်ဆိုင်ပြီး မငြင်းရဲ .. ..
လိမ်နေ ညာနေရင် မျက်လုံးက သိသာတယ်မို့လား....

"ဒါဆို အိမ်နောက်ဘက်လာပြီး  ကုတ်ချောင်း ကုတ်ချောင်းနဲ့ ဘာလုပ်နေတာလဲ..."
"ငါ ..ငါ...
*ကျစ်...ဘာပြောရမလဲ..ခွေးကောင် အရစ်ကိုရှည်တယ် ...*
အကောင်လေးတကောင် ခြံစည်းရိုးတက်နေတာတွေ့လို့"

ဘာပြောရမှန်းမသိ စိတ်ထဲရှိတာသာ ပြောလိုက်မိသည်...

"ဟက်...
အကောင်လေးတွေ့လို့ပေါ့...ဟုလား...
ဒါဆို ဒီကျောက အိတ်လေးကရော..ဘာလုပ်ဖို့လဲ"
"ကျစ် ..ခွေးကောင်...
မင်းအရမ်းလျာရှည်တာပဲ..ဒါငါ့ကိစ္စ မင်းနဲ့မဆိုင်ဘူး...
ပြီးတော့ မင်းက သူခိုးပဲ သူများအိမ်ကို သူများ ခွင့်ပြုချက်မရှိဘဲဝင်လာတာလေ"
"စွာလိုက်လဲ လွန်ရောပဲ...
ငါနဲ့မဆိုင်တာ သေချာလား...
ပြီတော့ ဒီမာသော့..တွေ့လား ..ငါ့ပစ္စည်းအချို့ ကျန်ခဲ့လို့ ဝင်ယူတာ...ဘာသူခိုးလဲ ...
ခိုးချောင်ခိုးဝှက်လုပ်နေတာ မင်းနော် ချာတိတ်.."

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now