part 22

1.3K 96 2
                                    

🍓🍓မတည့်အတူနေ🍓🍓

မောင် ဒီနေ့စောစောထတယ်..…
မျက်နှာကလဲ ပြုံးရွှင်လို့..…သူတအားပျော်နေတာ ဖြစ်နိုင်တာ မဖြစ်နိုင်တာက နောက်ထား သူပျော်နေတာကိုမြင်ရင် ကိုယ်ကအလိုလိုကို စိတ်ချမ်းသာနေတာ

"မောင်…အဆင်သင့်‌ဖြစ်နေပြီလား..."
"မောင်က အစောကြီး ပြီးနေပြီးသားပါ..."
"အင်း..."

📞📞📞📞📞

"ပြီးကြပြီလား မင်..."
"အေး ပြီးပြီ.."
"သွားမယ်..အိမ်ရှေ့ထွက်စောင့်....ငါတို့ မင်းတို့အိမ်ကို ထွက်လာနေပြီ.."
"အေး အေး"

သိပ်မကြာဘူး ထယ်တို့ လင်လင်နှယောက်ရောက်လာပြီ..
၄ယောက်သား မျက်နှာတေက အပြုံးပန်းဝေလို့ရယ် ခရီးလေးကို စတင် မောင်းထွက်လာသည်...

တောအုပ်လေး‌တေဖြတ်ကျော် တောင်ကုန်းလေးတေဖြတ်မောင်း အချိန်တေက တဖြေးဖြေး ကုန်ဆုံးကာ နေမင်းကြီးက အနောက်ဘက်ကို တိုးလျှိုးဝင်သွား၍ ပျောက်ကွယ်လုမတတ် ဖြစ်ကာ အမောင်ထုလေးက ကြီးစိုးလို့လာသည်...

"မရောက်သေးဘူးလား..."
"ဒီတောလေးလို့ ထင်တာပဲ..."
"ဟော..မင်းဟာကလဲ.."
"ဒီည ဒီနားလေးမာပဲ တဲထိုးပြီးအိပ်ကြမယ်လေ..မနက်ကျမှရှာကြတာပေါ့..."
"အေး...အဲ့သစ်ပင်က မင်းဘယ်လိုရှာမာလဲ.."
"သူက တပင်လုံးငွေရောင်လေးတဲ့ ..ရှာရလွယ်ပါတယ်..."
"အေး..ဒါဆိုလဲ လုပ်စရာရှိတာလုပ်ကြတော့လေ..."
"ဟင်း..ဟင်း..."

Jk tae  နှယောက်သားထွက်လာတဲ့ အသံက.….
ဟွန့် ရုပ်တေကိုက လူယုတ်မာရုပ်.……

"ဘာလဲ ဘာလဲ...
ဘာတေတွေးနေတာလဲ...'
"ဘာမတွေးပါဘူး.."
"ဟွန့်..သိတယ်နော်...မင်းတို့ကို တဲထိုးခိုင်းတာ တခြားတွေးမနေနဲ့ အဲ့နေရာတင် ရပ်လိုက် ဟင့်.."
"😁😁😁"

တဲထိုးတာတောင်နှယောက်ကိုက်နေတာ..ဒီမာက သူတို့စားဖို့သောက်ဖို့ ပြင်ဆင်ပေးနေတာလေ သူတို့က ရန်ဖြစ်နေလေရဲ့...

"မင်းတို့က ဟိုဘက်မာထိုး ….."
"ကျစ်..အဲ့နေရာက မကောင်းဘူး မင်းပဲ သွားထိုး.."
"ဒီနေရာ ငါရင်ဦးတာလေ.."
"စဉ်းစား..ငါရငင်ဦးတာ..'

"ဟိုနှယောက် ဘာဖြစ်နေတာလဲ နားညီးတယ်..''
"သူတိုနေရာလုနေတာ.."
"ဟုလား...''

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now