part 1

5.9K 247 8
                                    

🌹အမုန်းတရားတို့ရဲ့ နောက်ကွယ်🌹

ကျတော့မာ မိဘတေမရှိတော့ဘူး ညီလေးတယောက်ရှိတယ်...ကျတော့မိဘတေက လုပ်ကြံခံခဲရတာ...ကျတော့အထင်တော့ စီးပွားရေးအရ လုပ်ကြံမှုလို့ထင်တယ်..ဖေဖေတို့ဆုံးပြီး ကုမ္ပဏီလည်း ဒေဝါလီခံရတယ် ..အိမ်လည်းအသိမ်းခံလိုက်ရတယ်...ကျတော်တို ညီအကို နှယောက် နေစရာမရှိ စားစရာမရနဲ့ တနေ့တော့ သူဌေးတယောက်မွေးစားခြင်းခံလိုက်ရတယ်...သူ့သားအရင်းလိုပဲ ကျတော်တို့ ညီကိုနှယောက်ကိုချစ်တယ် ..သူ့မာသားသမီးရယ်မရှိတော့ သူ့အမွေတေအကုန်လုံး ကျတော်ရခဲ့တယ်...
ခုဆို ကျတော်ကြိုးစားလာသမျှ အရာထင်လာခဲ့ပြီ.. Joen လုပ်ငန်းစု ကုမ္ပဏီဟာ ကိုရီးယားနိုင်ငံရဲ့ Top 1စာရင်းဝင်နိုင်ခဲ့ပြီ နောက်ဆုံး ကလဲစားချေဖို့သာ ကျန်တော့တယ်လေ.....

ကျတော်က ဆရာဝန်တယောက် ...ကျတော့ကို ဒယ်ဒီက သိပ်ချစ်တာ ..ငယ်ငယ်ကတည်းက လိုလေသေးမရှိထားတယ်..သူ့လုပ်ငန်းတေတော့ ကျတော်စိတ်မဝင်စားဘူး အဲ့ကြောင့် ကျတော်ဝါသနာပါရာ ဆေးကျောင်းတက်ခဲ့တယ် ဒယ်ဒီကလဲခွင့်ပြုတဲ့အပြင် ဆေးကျောင်းပြီးတော့ ကိုယ်ပိုင်ဆေးရုံတခုပါ ဆောက်ပေးခဲ့တယ် ...ပြီးတော့ပြောရအုံးမယ် ကျတော့မာ အရမ်းချစ်ရတဲ့ ချစ်သူတယောက်ရှိတယ်....

"ဟော တယောက်ထဲ ဘာတေတွေးနေပြန်ပြီလဲ .."
"မောင်... ဘာလာလုပ်တာလဲ"
"ဆေးရုံလာပြီး မောင့်ဒေါက်တာလေးကို မောင့်နှလုံးသားလေးကုဖို့ လာခေါ်တာ"
"ဟွန့် ခြွေပြန်ပြီ.."
"မွ😘.."
"မောင် ဘာလို့နမ်းတာလဲ ဒါဆေးရုံနော် ...လာအပြင်သွားပြီး နေ့လယ်စားသွားစားမယ်"
"မောင့် ဒေါက်တာလေးကအရမ်းချစ်ဖို့ကောင်းတာပဲ ချစ်လို့ကိုမဝဘူး☺️☺️"
"ကဲ လာပါတော့ ထယ်ရယ် ဂျီ့ကို အဲ့လောက်မချွဲနဲ့..."
"ချစ်လို့ပါနော်.."

နှယောက်သားပျော်ရွှင်နေတာကို သူတို့မမြင်တဲ့တနေရာမှ mask အနက်ရောင်နဲ့ လူတယောက်က ကြည့်နေလေသည်

🌹🌹

"ဟုတ်ကဲ့... boss  ..
Boss..စုံစမ်းခိုင်းတာတေ ရပါပြီ..."
"အင်းပေး..."
"ဒါသူ့အကြောင်း အချက်လက်တေပါ"

စာရွက်စာတမ်းတချို့ jkလက်ထဲသို့ ကမ်းပေးလိုက်သည်...

"အင်း ရပြီသွားတော့"
"ဟုတ်ကဲ့ boss"
Jkကို ခေါင်းညွှတ်အရိုအသေပေးပြိး ရုံးခန်းထဲက ထွက်သွားသည်

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now