part 23

1.5K 110 13
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

အခုမှ ပူပူ‌နွေးနွေး ချစ်သူဖြစ်ကာစ ထယ်နဲ့ အဟုပ်...
ထယ်က အလုပ်မသွားဘဲ အဟုပ်နဲ့ အတူ တနေ့ကုန်ရှိနေပေးလိုက်သည်...
အိမ်ပြန်ချိန်တန်ပြီမို့...

"ထယ် အဟုပ်ပြန်တော့မယ်...
ထယ်လဲ ပြန်တော့..."
"လိုက်ပို့မယ်.…."
"မရဘူး..."
"ဘာလို့လဲ..."
"ဟင့်အင်း...ဟျောင်းတွေ့သွားရင်မလွယ်ဘူး...."
"ဘာမဖြစ်ဘူး...အိမ်ရောက်ခါနီးထိတော့ လိုက်ပို့မယ်..."

တားမရအဆုံး လိုက်ပို့ခွင့်ပြုလိုက်သည်....

"ထယ်..ရပြီ...
ဒီမာပဲ ရပ်လိုက်တော့..."
"ရှေ့နားမာ ချပေးမယ်..."
"ထယ်...."
"အင်းပါ...."

အိမ်ရှေ့ရောက်ခါနီလောက်မာ အဟုပ်ဆင်းလိုက်ပြီး ထယ်ကိုသာ အတင်းပြန်ခိုင်သည်...

"အိမ်ရှေ့က ဖြတ်မမောင်းနဲ့...
နောက်ပြန်လှည့်..."
"အဟုပ်.....
ဘာလို့အ့လောက်ကြောက်နေရတာလဲ...ဟမ်...
ခုမဟုတ်လဲ တချိန်ချိန်မာ ကိုယ် jeonကို ရင်ဆိုင်ရမာပဲ...
အချိန်အတိုင်းအတာလေးတခုဘဲ ကွာဟသွားတာလေ.."
"မသိဘူး...ဟျောင်းစိတ်က .....
မရဘူး နောက်ပြန်လှည့် ..."
"သဘောပဲ..."

အဟုပ်မျက်နှာမာ ထယ်ကိုချစ်သော်လဲ အကိုဖြစ်သူကိုကြောက်နေတာ အထင်းသား....
တခုခုများဖြစ်သွားရင်..ခုမှ ချစ်သူဖြစ် ခုကွဲရမယ်ဆို သေဖို့ပဲရှိတော့တယ်...

ထယ်ကားပြန်လှည့်ကာ မောင်းထွက်သွားမှ အိမ်သို့ လမ်းလျှောက်ကာ ပြန်လာသည်....

"အဟုပ် ပြန်လာပြီလား..."
"အင်း..ဟုတယ်...
ဒါနဲ့ ဟျောင်းရော..."
"မသိဘူး.."
"ရန်ဖြစ်ထားကြပြန်ပြီလား..."
"မဟုတ်ပါဘူး..."

စိတ်တိုနေတာလေ...သူများဖွင့်ပြောကာမှ ဘယ်နေရာ သွားပုန်းပြီး သေနေလဲ မသိဘူး...ခုထိ မတွေ့သေးဘူး....

"အ့ဆို မျက်နှာက ဘာဖြစ်နေတာလဲ...."
"ဘာမဖြစ်ပါဘူး..."
"ပြီးတာပဲ..."

အဟုပ် ဂျီနဲ့ စကားခနပြောပြီး အိမ်ပေါ်သို့ တက်ရန် ပြင်တော့....

"အဟုပ်...."
"အာ...ဟျောင်း...ဘယ်ကပြန်..."
"ငါပြောထားတယ်နော်..."
"ဘာလဲ...."
"ကိုယ့်ကိုယ်ကိုသိ...နောက်တခါ ထပ်မပြောချင်ဘူး ...သတိပေးတာ..."

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now