part 10

1.7K 122 7
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

မနက်မိုးလင်း.....
မနေ့ကဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တေက ဘဝရဲ့အနာကျင်ဆုံးအရာတေပဲ ..မောင်အဆင်ပြေပါစေလို့ပဲဆုတောင်းပေးတယ်.…
ကျတော်မောင့်ကိုချစ်တယ် ဒါမဲ့ကံပါမလာဘူး ဒါကြောင့်အတတ်နိုင်ဆုံးမောင့်ကိုမေ့ဖို့ကြိုးစားမယ်….

"ဂျီ အစောကြီးနိူးနေတာလား.."
"အင်း...မနေ့က အစောကြီး အိပ်ပျော်သွားလို့…"
"အော်...လာလေ မနက်စာစားကြရအောင်..."
"ဒီနေ့အပြင်သွားအုံးမလား.."
"ဘာလို့.."
"သွားဖြစ်ရင် ဒယ်ဒီစိတ်မပူဖို့ သွားပြောပေးပါနော်..
ဒီတခါ ဖုန်းမတောင်းတော့ဘူး အဟုပ်လဲ ဂျီကြောင့် ဒုက္ခရောက်တယ်လေ."
"အင်းပါ ပြောပေးမယ် စိတ်မပူနဲ့..."
"အင်း..."

Jmမနက်စာစားပြီး ခြံထဲသို့ဆင်းသွားသည်....

"Jm နိုးပြီလား..ဘယ်သွားတာလဲ.."
"နိုးပြီ ..ခုနမှ ခြံထဲဆင်းသွားတယ်.."
"အင်း...ဟျောင်းကုမ္ပဏီသွားတော့မယ်.."
"ဟုတ်..."

Jm jkအလုပ်သွားပြီး သိပ်မကြာဘူး အိမ်ထဲသို့ ပြန်ဝင်လာသည်..တမင်jkကိုမမြင်ချင်၍ ရှောင်နေခြင်း...

"ဂျီ အဟုပ်အပြင်သွားတော့မယ်..."
"အင်း..."

🌹🌹

ဘဝရဲ့ခါးသက်တဲ့ နာကျင်မှု ....
ပြန်မရနိုင်တော့တဲ့ ချစ်ခြင်း....
ဆုံးရှုံးလိုက်ရတဲ့ ဂျီ.....
ကျတော့ဘဝမာ ဘာမှမရှိတော့ဘူး...တယောက်တည်းအထီးကျန်နေသလို ခံစားချက်တေ လွင့်ပြယ်ကာ အရက်သမားဘဝသို့ ရောက်လုမတတ်ပဲ....

ခါတိုင်းဝင်နေကြ ကော်ဖီဆိုင်လေးမာ ခနတာ ဝင်ထိုင်လိုက်သည်...ရှေ့ဆက်လို့မဖြစ်နိုင်တော့တဲ့ ဂျီနဲ့ ကျတော်ရဲ့ဘဝရှေ့ရေးက လမ်းတဝက်တင်ပဲ ပြတ်လို့ကျန်ခဲ့ပြီ .....သို့သော်..
ဂျီကျတော့ကိုချစ်နေတုန်းပဲ ဂျီ့စကားတေက အလိမ်အညာတေမှန်းသိတယ်...ဒါကြောင့် တနေ့ဂျီ့ကို ကျတော်ပြန်ပြီး အရယူမယ်....

"ဟော..တွေ့ပြန်ပြီနော်.."

တွေ့လိုက်ရတဲ့ ထိုသူရဲ့မျက်နှာကြောင့် ရင်ထဲကမ္ဘာပျက်မတတ် ....စိတ်ကို အတည်ငြိမ်ဆုံးထားကာ...

"အော် အဟုပ်.."
"အင်း..ထိုင်မယ်နော်.."
"အင်း..."

သူနဲ့ကျတော် ခနခနတွေ့ချင်နေတယ်..ခုလဲတွေ့ရပြန်ပြီ..ကျေနပ်တယ်..ကျတော် သူ့ကိုစတွေ့တည်းက သဘောကျတာ သူ့မျက်နှာလေးမြင်လိုက်ရရင်ကို ရင်တေက တဒုန်းဒုန်း..နှလုံးသွေးကြောတေက ပြောင်းပြန်စီးနေသလို...သူ့ကို ကျတော်ချစ်နေမိတာလား... ဒါကို အချစ်လို့ခေါ်တာလား ကျတော်မသိဘူး...သေချာတာကတော့ သူကိုတွေ့နေရရင် ကျတော့်စိတ်ထဲ ပျော်ရွှင်မှုတခုရလိုက်သလိုပင်...

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now