part 27

1.3K 113 8
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

အဟုပ်တယောက် နေမကောင်းဘူး...မသက်ဘူးထင်တယ် အခန်းထဲက ထွက်မလာဘူး..jeon ကြောင့်လား ဒါမှမဟုတ် မသက်သာလို့လား...သေချာအောင်သာ သွားကြည့်ရတော့သည်။

"အဟုပ်..."

‌အစာမကြေဖြစ်တာ ဒီလောက်တောင် နေရထိုင်ရဆိုးရသလား...
အခန်းထဲဝင်ပြီး ခနအိပ်လိုက်တာ နိုးလာတော့ ရင်က ပိုပြည့်နေသလို...မရတဲ့အဆုံး အိမ်သာထဲ ဝင်ပြီးသာ အန်ချရတော့သည်...
ဂျီခေါ်နေတာ ကြာပေမဲ့ ဒီက ထူးဖို့တောင် အားမရှိ...အန်တာကလဲ မပြတ်...

"အဟုပ်....မသက်သာဘူးလား..."

အခန်းထဲက တုံ့ပြန်မှုမရှိတော့ ဂျီမင်တယောက် စိုးရိမ်မှုနဲ့ တံခါးကို ဖွင့်ကြည့်လိုက်သည်..။လော့ချမထားတော့ ဒီတိုင်း ဝင်သွားလိုက်သည်..အိပ်ယာပေါ်မာ အဟုပ်ကို မတွေ့ပေမဲ့...အိမ်သာထဲမာ တဝေါ့ဝေါ့ အန်နေတဲ့ အသံက အတိုင်းသား...

"အဟုပ်..အဆင်ပြေရဲလား..."

အန်နေတဲ့လူကို ရင်ဘတ်နဲ့ ကျောကုန်းကို ညှပ်ဖိကာ ထိန်ထားပေးလိုက်သည်...

"ဂျီ...ဟင့်..."
"မငိုနဲ့..."
"နေလို့ထိုင်လို့မကောင်းဘူး.."

အဟုပ်မျက်နှာကို သေချာကြည့်လိုက်တော့ အားနည်းနေသယောင်..လက်ကိုဆွဲကာ အကြောလေးတခုပေါ်သို့ ဖိပြီး စမ်းကြည့်လိုက်သည်...
ကိုယ်က ဆရာဝန်ဆိုပေမဲ့ နည်းနည်းတော့ ထိတ်လန့်မိတယ်..

"အဟုပ်..ခေါင်းရောမူးလား.."
"နည်းနည်း..."
"ခုထိဘာမစားရသေးဘူးမလား..."
"အင်း...အနံ့တေမခံနိုင်ဘူး.."
"ဒါဆို ဂျီမေးတာ အမှန်တိုင်းဖြေနော်..."
"........"
"ထယ်နဲ့ အိပ်ပြီးပြီလား.."
"ဟမ်..."

ဘာဆိုင်လို့ ဒီမေးခွန်းကိုမေးရတာလဲ..နေမကောင်းတာနဲ့ ထယ်နဲ့အိပ်တာ ဘာဆိုင်လို့လဲ...ဗြုန်းစားကြီး ဂျီမေးလိုက်တော့ အနည်းငယ်တော့ ရှက်မိတယ်...

"ဘာလို့လဲ..."

မျက်နှာ တဖက်သို့လွှဲကာ မေးခွန်းပြန်ထုတ်နေတော့ သေချာတယ် သူတို့အိပ်ပြီးကြပြီ.....

"ဒီနှလအတွင်း အတူနေသေးလား..."
"ဂျီ့...."
"ရှက်မနေနဲ့..."
"အဟုပ်ဘာဖြစ်နေလို့လဲ..."
"......"
"ဘာလို့လဲလို့ ..."
"........"
"အင်း...."
"ဘာ..."
"ဟုတ်တယ်..အိပ်ခဲ့ကြတယ်..."
"အဟုပ်..Jeonနဲ့ ဂျီရှိနေတာတောင် ဘယ်ချိန်က...."
"ဂျီဒယ်ဒီနေမကောင်းဖြစ်နေချိန်တုန်းက..."
"ပြော အဟုပ်ဘာဖြစ်တာလဲ..."
"ကိုယ်ဝန်ရှိနေတာ..."
"ဘာ..."
"ဟုတ်တယ်..သေချာတယ်..."
"....."
"ထယ့်ကိုပြောပြလိုက်.."
"ကြောက်တယ်..ဟျောင်းငိသါားလိမ့်မယ်..ဟျောင်းသိရင် နှယောက်လုံးအသတ်ခံရမာ...."
"အ့ဆို ဗိုက်ထဲက ခလေးကရော.....
ဘယ်ချိန်ထိ ဖုံးကွယ်ထားနိုင်မာလဲ..ဗိုက်က တဖြေးဖြေးကြီးလာမာ..သေးသွားမာ မဟုတ်ဘူး..."
"ဂျီ..ဒါဆို အဟုပ်လယဘယ်လိုလုပ်ရမလဲ ဟင်...ဟင့်.."
''ငိုမနေနဲ့ ထယ့်ကိုပြောပြလိုက်ပါ..."

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now