part 19

1.6K 125 7
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

Coffeeဆိုင်ပြန်ဝင်ပြီး အဟုပ်နဲ့ စကားခနပြောနေတာ အချိန်တောင် အတော်ကုန်သွားတယ်.....

"အဟုပ်နဲ့စကားပြောနေတာ ထယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တေ ပုပ်ကုန်ပြီ..."
"အ့လို မဖြစ်ရပါဘူး....."
"ဟုတ်...ထယ်လဲ သွားစရာရှိရင်သွားတော့လေ ...အဟုပ်လဲ ပြန်တော့မယ်...."
"ပြန်တော့မလို့လား..."
"အင်း...ဒါပေမဲ့ အိမ်တန်းမပြန်သေးဘူး....သွားစရာရှိသေးတယ်....."
"ကိုယ်လိုက်ပို့ပေးရမလား..."
"အာ...ဟင့်အင်း...ရပါတယ် မပို့နဲ့..."
"ဘာလို့လဲ..."
"ဘာမဖြစ်ပါဘူး..."
"ဒါဆို ကိုယ်လိုက်ပို့ပေးမယ်.."
"အားနာ စရာကြီး..ထယ်အလုပ်..."
"ပိတ်ရက်..."
"အော် ...ဟုတ်သားပဲ...☺️☺️☺️.."

တခါတလေ အဟုပ်က ဂျီနဲ့သိပ်တူတယ်လို့ ထင်မိတယ်...စကားအပြောအဆိုနူးညံ့တယ် ...အမြဲလိုလို အပြုံးချိုချိုလေးတေဖန်တီးတတ်တယ်...အတူဆုံးကတော့ ဆွဲဆောင်မှု....
လူတဖက်သားရဲ့ နှလုံးသားကို ပျော့ပြောင်းနိုင်လွန်းတဲ့ ဆွဲဆောင်မှု....

"ထယ် ဘာတေတွေးနေတာလဲ..."
"အာ...sorry အဟုပ်...ကိုယ်...ဘာမှမတွေးပါဘူး....."
"ဂျီ့အကြောင်းတွေးနေတာလား.....ချစ်သူတေမလား...
ဂျီနဲ့ သူငယ်ချင်းလို့ ဘာလို့လိမ်တာလဲ....အဟုပ်က တကယ်ထင်သွားတာ...တကယ်တော့ အညာမိသွားတာပဲ..."
"ဘယ်လိုသိတာလဲ..."
''ဟိုတလောက ဂျီ့ကို ဟျောင်းဆီလိုက်ပို့တုန်းက....
ရုံးခန်းထဲ  ထယ်တို့သုံးယောက်ပြောတာ ကြာလိုက်လို့ပါ.."
"အော်...တောင်းပန်ပါတယ်...."
"ရပါတယ် ...ပြီးခဲ့ပြီပဲ..."
"အင်း...."
"ဒါဆိုလဲ သွားကြမယ်လေ...."
"ကောင်းပါပြီဗျာ.."
"☺️☺️☺️"

နူးညံ့လွန်းတဲ့ မင်းရဲ့အပြုံးတေကို စွဲလမ်းမိသယောင်.....
မတွေ့ရရင် အ့နေက စိတ်အပျက်ဆုံးနေ့ ပျော်ရွှင်မှုမရှိတဲ့နေ့....ခုချိန်မာ ကိုယ့်ကိုကိုယ့် စမ်းသပ်နေတုန်းပဲ....သေချာတဲ့တနေ့ မင်းကိုငါဖွင့်ပြောပါ့မယ် အဟုပ်...

🌹🌹

မိုးလင်းလို့ သူ့မျက်နှာမှ မတွေ့ရရင် စိတ်ထဲက အမျိုးမသိတဲ့ ခံစားချက်က ခုတလော အတော်ကို စိုးမိုးနေပြီ....
အလုပ်ပိတ်ရက်မို့ ပင်ပန်းထားသမျှအိပ်လိုက်တယ် ...
မနေ့ကကုမ္ပဏီမသွားလိုက်တော့ အလုပ်တေ ဒီပိတ်ရက်မာ လုပ်ရမယ်....
ခုတော့ ရေမိုးချိုး မျက်နှာသစ်ပြီး အောက်က အကောင်ပေါက် ပြင်ပေးမဲ့ မနက်စာ သွားစားတော့မယ်...

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now