part 17

1.6K 137 8
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

အမှန်တိုင်းပြောရရင် သူဆီက ကြားချင်တာ တောင်းပန်တယ်ဆိုတဲ့ စကားမှ မဟုတ်တာ.... သူနှုတ်ဖျားက ချစ်တယ်ဆိုတဲ့စကားလေး....ဒါပေမဲ့ မဖြစ်နိုင်ဘူး သူချစ်တာ ဂျီလေ....

"တောင်းပန်ပါတယ်...."
"ဘာလို့လဲ...ဒီတိုင်းအဆင်ပြေနေပြီလေ...ဘာလို့လက်လွှတ်မပေးနိုင်ရတာလဲ...."
"မသိဘူး.....
မင်းမုန်းသွားမာ ကိုယ်ကြောက်နေတယ်...."
"........"
"တကယ်တောင်းပန်ပါတယ် မငိုပါနဲ့...."

သူရင်ခွင်ထဲ...ခံစားခဲ့ရသမျှခံစားချက်တေ.... နာကျင်မှုတေ ရောထွေးကာ အားရပါးရငိုပစ်လိုက်သည်......

သူကျတော့ကြောင့်ငိုနေရတာ ကျတော်မနေတတ်ဘူး ....ဘာကြောင့်သူမုန်းသွားမာ တအားကြောက်နေမိတယ်ဆိုတာတောင် ကိုယ့်ကိုကိုယ်မသိ....သေချာတာတခုက သူ့ကိုပျော်စေချင်တယ်...

"ကိုယ်တာဝန်ယူမယ်..."
"ရတယ် မလိုဘူး ယောက်ျားချင်းပဲ ဘာမှမနစ်နာသွားဘူး..."

သူ့အမှားကြောင့် တာဝန်ယူချင်တာမျိူးမဖြစ်စေချင်ဘူး.....အ့တာဝန်က သူ့အတွက် ချုပ်နှောင်သလိုဖြစ်သွားမာစိုးတယ်...
ကျတော်ကိုယ်တိုင်ကလဲ ကျတော့ကိုမချစ်တဲ့ယောက်ျားတယောက်နဲ့ လက်ထပ်တာမျိုး မလုပ်ချင်ဘူး.....

"ကိုယ့်အမှားတေအတွက် ကိုယ်တာဝန်ယူချင်တယ်..."
"ရတယ်လို့ပြောနေတယ်လေ....
ဘာလဲ အဟုပ်ကိုအသုံးချပြီး ထယ်က ဂျီနဲ့ နီးချင်တာလား..."
"အဟုပ်....
မင်းမို့လို့ပြောရက်တယ်နော်..."
"မဟုတ်လို့လား....."
"ကိုယ်ကနီးချင်ရင်တောင် ဂျီကလက်ခံမာ မဟုတ်ဘူး...ဘာလို့လဲဆိုရင် ဂျီက ကတိတည်တယ် သစ္စာရှိတယ်...
မင်းအကိုကြောင့်မဟုတ်ရင် ငါတို့ဒီလိုဖြစ်စရာ အကြောင်းမရှိဘူး...မင်းကိုလဲ sexကိစ္စလုပ်မယ်လို့ ရည်ရွယ်ထားချင်းမရှိဘူး...မရည်ရါယ်ဘဲဖြစ်သွားတာ.....
သေချာတာတခုကတော့ ငါမင်းအကိုလို $ကျင့်မယုတ်ဘူးဆိုတာ သိထားပေး....''

ပြောပြီး ထွက်သွားသူရဲ့ ကျောပြင်ကို ငေးကာ မျက်ရည်များအဆက်မပြတ်ကျဆင်းလာသည်...

ကျတော်အရမ်းလွန်သွားပြီလား ....
စိတ်ထဲမရှိဘဲ ပြောလိုက်မိတာ..သူအရမ်းဒေါသထွက်သွားတယ်....တာဝန်ယူမယ် ဆိုတဲ့စကားအစား ချစ်တယ် ဆိုတဲ့စကားသာ‌ကြားလိုက်ရရင် သူ့ကို လက်မခံစရာအကြောင်းမရှိဘူး...သူ့ကို ချစ်လို့ သဝန်တိုပြီး ပြောလိုက်မိတာ တကယ်စိတ်ထဲက မပါပါဘူး.....

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now