part 22

1.3K 75 0
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

သာယာတဲ့ မနက်ခင်းလေးမာ တောက်ပတဲ့နေရောင်ခြည်လေးရဲ့အောက်မာ....လှပလွန်းတဲ့ အဟုပ်ရဲ့အလှကို ဘယ်လိုများ လွန်ဆန်နိုင်တော့မာလဲ...ငေးပြီးရင် ငေးချင်လောက်အောင် အကြည့်မခွာနိုင်လောက်အောင်ကို ဆွဲဆောင်နိုင်လွန်းသူ.....

သစ်ပင်ရိပ်အောက်မာထိုင်ပြီး..... နေရောင်ခြည်အောက်မာ ပန်းပင်မြေဆွပေးနေတဲ့ အဟုပ်ကို တမေးတမော ငေးကြည့်နေမိသူ ထယ်သာ..…...

"ဘာလို အဟုပ်ကို အ့လောက်ကြည့်နေတာလဲ…."
"လှလို့..."
"ဟမ်..."

မေမေအုတ်ဂူနားက ပန်းပင်လေး‌ကို မြေဆွပေးနေတုန်း သူ့ကိုလှည့်ကြည့်လိုက်တော့ ကျတော့ကို အသေချာစိုက်ကြည့်နေသည်...အော်...တိုက်ဆိုင်တာပါ..ကိုယ့်ကိုအ့လောက်စိုက်ကြည့်ရအောင် သူမှမချစ်သေးတာ....မဖြစ်နိုင်လောက်ပါဘူးလို့ တွေးမိသည် သို့သော် ကျတောသူ့ကို ပြန်ကြည့်နေတာတောင် သူက သတိမထားမိပဲ ငေးမှိုင်နေတုန်း.. ....
သေချာတယ် သူငေးကြည့်နေတာ ကျတော့ကို ..အချိန်ကြာလာတာနဲ့အမျှ လူက မနေတတ်တော့ ‌သူ့ကို ဒဲ့မေးလိုက်ခြင်း....

"ဟုတ်တယ် ဒီနေ့ အဟုပ်သိပ်ကိုလှနေတာ..."
"......."
"ဟော..မျက်နှာတေရဲလာပြန်ပြီ...ရှက်နေတာလား..."
"ဘာလို့ ရှက်ရမာလဲ..
ထယ့် ဘာလို့ လာတာလဲ"

လူကို စပြီးအနားကို လာနေတော့ မြေကြီးဆွနေတဲ့ ဂေါ်ပြားလေးကို လွှတ်ချပြီး မတ်တပ်ထရပ်လိုက်မိသည်....သူက ဘာလုပ်ဖို့ လာတာလဲ...ရင်‌ထဲက အကောင်ပေါက်ကလဲ အငြိမ်မနေ တဒုန်းဒုန်းနဲ့ ...

"သေချာလား..."
"မရှက်ပါဘူး..."
"သေချာတယ်ပေါ့..."

အနားကိုရောက်တော့ ထယ် အစုပ်ပလုတ် သူများရှက်ပါတယ်ဆိုမှ …...

ကြည့်နေတဲ့ အဟုပ်ရဲ့မျက်ဝန်းတစုံနဲ့ နီးကပ်စေရန် ...
ထယ်..ခါးကို အနည်းငယ်မျှ ကုန်းပြီး မျက်နှာကို နီးကပ်စေလိုက်သည်...

"အာ့..."

ရှက်လွန်းသူလေး နောက်ကိုရှေ့တလှမ်းဆုတ်လိုက်တာ ကျောက်ခဲတုံးလေးအား တက်နင်းပြီး နောက်လှန်ကျသွားတာကို လက်မြန်သူ ထယ်ကလည်း ခါးကနေဆွဲဖက်ကာ ထိန်းထားလိုက်သည်...
လန့်သွားသူအဟုပ်လက်လေးကလည်း ထယ်လည်ပင်းမာ အလိုအလျှောက် ချိတ်တွယ်လို့နေသည်...

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now