part 16

1.6K 132 6
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

ကျတော့ကို အရမ်းစိတ်ဆိုးနေမလား...
စိတ်ဆိုးသင့်ပါတယ် မုန်းသင့်ပါတယ်..ဒါပေမဲ့ ကျတော်ရည်ရွယ်ချက်ရှိရှိ သူ့အပေါ်မှားခဲ့တာ မဟုတ်ပါဘူး အ့လေးတော့ သူ့ကို သိစေချင်တယ်...
တောင်းပန်ဖို့လဲ သူက အတွေ့မခံဘူး coffeeဆိုင်လဲမလာဘူး..အိမ်လိုက်တွေ့ပြန်တော့လဲ အကြောင်းအမျိုးမျိုးပြပြီး   လုံးဝအတွေ့မခံ...ဖုန်းဆက်တော့လဲ အမြဲတမ်းစက်ပိတ်..ဘယ်လိုများ သူ့ကိုတောင်းပန်ရပါ့မလဲ.....

📞📞📞📞

"ဟယ်လို.."
"ဂျီလား..."
"ဟုတ်တယ်..အာ…ထယ် ဘာဖြစ်လို့လဲ..."
"အဟုပ်နဲ့ ခနလောက်စကားပြောချင်လို့...ရမလား.."
"အော်..ခန.."
"အင်း.."

"အဟုပ်..ခနလေးလာပါအုံး.….
ဖုန်းပြောချင်လို့တဲ့..."
"ဟမ်..လာပြီ..ဘယ်သူလဲ.."

အ့အသံလေးမကြားရတာကြာပြီး ခုဖုန်းထဲမာ သူပြောတာလေးကြားလိုက်ရတော့ စိတ်ထဲ ပျော်မိသလို...ခံစားလိုက်ရတယ်...
လွမ်းနေတာလား ကိုယ့်ကိုကိုယ်တော့ မသိဘူး....

"ပေး..."
"အင့်..ထယ်ရယ်..."
"ထယ်..."
"အင်း..ယူလေ ..."
"ဂျီ...အဟုပ်နေမကောင်းဘူး စကားသိပ်မပြောချင်သေးဘူး...
ကြည့်ကောင်းအောင် ပြောလိုက်တော့..အခန်းထဲ သွားနားလိုက်အုံးမယ်..."
"အော်..အင်း...."

ထယ့် နာမည်ကြားတာနဲ့ အဟုပ်မျက်နှာက ချက်ချင်းပျက်သွားတယ် ..သူတို့ ဘာများဖြစ်ထားကြတာလဲ....

"ထယ်...အဟုပ်နေမကောင်လို့တဲ့ ...
နောက်မှ ပြောကြပေါ့..."
"အင်းပါ ..သူပြောလိုက်တာ ကိုယ်ကြားလိုက်တယ်..."
"ဒါနဲ့ ဘာတေဖြစ်ထားကြသေးလဲ ထယ်..."
"ကိုယ်နောက်မှ ရှင်းပြပါ့မယ်..ခုတော့ အဆင်မပြေသေးဘူး..."
"အော် ထယ်..."

"ဘယ်သူနဲ့ပြောနေတာလဲ...."

အနောက်ကလာတဲ့ အသံက လူတကိုယ်လုံးတုန်တက်သွားတာပဲ...လူက အရမ်းလန့်သွားပြီး ဖုန်းကို ချက်ချင်းချမိလိုက်သည်...

"ဘယ်သူနဲ့မှ မဟုတ်ဘူး.."
"ခုန ဖုန်းပြောသံကြားတယ်..."
"အာ..ဟို..သူငယ်ချင်းနဲ့.."

သူ ထယ်နဲ့ဖုန်းပြောနေတာသိရင် ဘယ်လိုပဲပြောပြောသူစိတ်တိုမာ သိလို့ လိမ်ပြောလိုက်မိသည်...

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now