part 4

2K 138 7
                                    

🌹အမုန်းတရားတို့ရဲ့ နောက်ကွယ်🌹

ကျတော်အခုတလော မောင့်ကိုပဲကပ်နေမိတယ်... မောင်ကတော့ သတိထားမိမယ်မထင်....ကျတော်ချွဲချင်လိုကပ်နေတယ်ပဲသူထင်မာ...တကယ်တော့ ကျတော်မောင်နဲ့ဝေးရမာ ကြောက်လို့မောင့်ကိုကပ်တွယ်နေမိတာပါ.....

သူလာခေါ်မယ်လို့ပြောထားတော့ ပိုကြောက်တယ်.. ဒါမဲ့သူ့ကိုမတွေ့လို့ ဒီကြားထဲ မောင်နဲ့တူတူ ပျောရွှင်စရာတေဖြတ်သန်းပြီးကာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတေကို မေ့မေ့ပျောက်ပျောက်.....
တခါတလေတော့လဲ ကိုယ့်ကိုကိုယ် မသတီသလိုဖြစ်သွားပြီး မောင်နမ်းရင် ရှောင်ဖယ်တာမျိုးလုပ်မိတယ်.....

"ဂျီ...ဘယ်ဖြစ်လို့လဲ..မောင်နဲ့မနမ်းချင်လို့လား...''
"အာ....မဟုတ်ပါဘူး ဂျီခေါင်းနဲနဲမူးနေလို့....စိတ်မပူမဲ့နော်...''
"အင်းပါ...''

နေ့လယ်စားဖို့ ဆေးရုံးကို မောင်ကလာခေါ်တယ်....မောင်နမ်းရန်ပြင်တော့ ကျတော် ဟိုခွေးကို မြင်ယောင်ကာ...မောင်နမ်းတာကို ရှောင်လိုက်မိတယ်.....
မောင်က စိတ်မကောင်းဖြစ်သွားတယ် ထင်ပါရဲ့..... မျက်နှာငယ်လေးနဲ့ ''အင်းပါ''ပဲပြောတော့ ကျတော်လဲမနေနိုင် မောင်နှုတ်ခမ်းပါးလေးကို ကျတော်နှုတ်ခမ်းလေးနဲ့ ထိကပ်နမ်းလိုက်တယ်....ချက်ခြင်းပဲ မောင်ပြုံးပြီး ကျတော့နဖူးလေးကို ဖွဖွလေးနမ်းလိုက်သည်...

"သွားမယ်...တော်ကြာဗိုက်ဆာနေအုံးမယ်..''
"ဟုတ်..''

စာသောက်ဆိုင်ရောက်တော့ မောင်တယောက်ယောက်ကို စောင့်နေတယ်....

"မောင်..ဘာလိုလဲ..''
"ခနလေး...ဂျီ..
မောင့်ဧည့်သည်တယောက်လာဥိးမယ်.....မောင်တို့ကုမ္ပဏီရဲ့ စီးပွားဘက် ပါတနာလေ...''
"အော်...''
"ခနလေးပဲ ဂျီ...သူလာတော့မာ.....
မောင်တို့နေ့လယ်စာစားချိန်မှ သူ့ကကိုယ့်ကိုတွေ့ချင်လို့တဲ့ အစကငြင်းပါသေးတယ်.... ဂျီအနေခက်မာဆိုးလို့...
သူက မရမက ဇွတ်အတင်းတွေ့ချင်တယ်ဆိုလို့ နောက်ဆုံး လက်ခံလိုက်ရတာ....''
"ရပါတယ် မောင်ရယ်...ဂျီ့ကိုအာမနာနဲ့.....''

ရပါတယ်သာပြောရတယ် ကျတော့စိတ်တေလေးနေသလိုပဲ....

🌹🌹

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now