-1-

14K 923 11
                                    


ထွက်ပေါ်လာသော ဒေါက်ဖိနပ်သံတစ်ဒေါက်ဒေါက်က ကြမ်းပြင်ထက် ခပ်စိပ်စိပ်ထွက်ပေါ်လျှက်နေသည်

ဒေါက်ဖိနပ်သံကို နားထောင်ကြည့်လျှင်တောင် ဒေါက်ဖိနပ်ပိုင်ရှင်ရဲ့
စိတ်အခြေအနေက အတော်ပင် ခက်ထန်နေမှန်း သိနိုင်သေးသည်
အထိ တော့်တော့် ကျယ်ကျယ်လောင်လောင်ပင် ..

အခု သူမရည်ရွယ်နေတာက သူမရဲ့ သူ​ေဋ္ဌး ဖြစ်သူထံကိုပင်ဖြစ်သည်

' ဟဲ့ .. ပတ်ချန်းယောလ် မကောင်းတဲ့ကောင်
နင်ငါ့ကို အလုပ်ထုတ်လိုက်တယ်ဆိုတာ ဘာသဘောလဲ '

ရုံးခန်းတံခါးကို လက်နှစ်ဖက်နှင့် ဒိုင်းကနဲ ဒုန်းကနဲ တွန်းဖွင့်ပြီး
သည်နှင့် သူမ အာခေါင်ခြစ်ပြီး အော်ပြစ်လိုက်သည်

တရားခံကောင်ကတော့ အလုပ်စားပွဲပေါ် ခြေနှစ်ချောင်းချိတ်တင်လျှက် ထိုင်ခံကိုမှီရင်း ဖိုင်တွဲတစ်တွဲကို
လှန်လှောကြည့်နေသည်မှာဟန်ပင်မပျက် ..

တုန့်ပြန် စကားမပြောနှင့် အကြည့်တစ်ချက်တောင်ပြန်မရ
တာမို့ သူမ ရှူးရှူးရှဲရှဲ နှင့်ပင် အလုပ်စားပွဲရှေ့လျှောက်သွားလိုက်သည်

ဒီလို အချိန်မျိုးကျ စကပ်ကလည်း ကျပ်ထုတ်နေတာပဲ ..

စားပွဲခုံပေါ်ကို လက်တစ်ဖက် အရှိန်ပြင်းပြင်းနှင့်ထောက်ရင်း
သကောင့်သားကို စူးစိုက်ကြည့်ပစ်တော့မှာ မျက်လွှာတစ်ချက်
လှန်ကြည့်ရင်း ဖိုင်တွဲကို စားပွဲပေါ်ပစ်တင်ကာ ခေါင်းအောက်
နှစ်ဖက်ကွေးခံရင်း ထိုင်ခုံတွင်မှီနေလေသည် ...

' ဘာလဲ ပြော .. အလုပ်ရှုပ်နေချိန်မှ '

အရေးမကြီးသလို မျက်နှာထား ပြီးပြီးရော မျက်နှာထားနှင့်
မေးဆတ်ပြလာသေးသည် ..

ဒီအကောင်စုတ်ကို အထက်တန်းကျောင်းတုန်းကလိုသာ
စိတ်ရှိလက်ရိှ ဖက်ပြီး နပမ်းလုံးပစ်ရရင်တော့ ...

အသက်အရွယ်က ရနေပြီမို့သာ မနည်းသည်းခံနေရသည်

စားပွဲပေါ်ထောက်ထားသော လက်ကို သူမပြန်ရုတ် လိုက်ပြီး လက်နှစ်ဖက်ပိုက်ကာ ပြန်ကြည့်လိုက်သည်

May Lily ( Completed )Donde viven las historias. Descúbrelo ahora