Part 1🕯️(uni & zawgyi)

406 14 3
                                    

မိုးရွာတာက ရက်ဆက်လာသည် ...မိုးရာသီကမိုးတွေချည်းရွာတာမဟုတ် အလွမ်းအငွေ့သက်တွေလည်းမသိမသာရောပြီးမိုးနဲ့အတူရွာတက်သည် ...မိုးသက်လေတွေတိုက်လည်း မိုးမင်းကတော့ရွာမယ်တဂဲဂဲရယ်...

"ညို ဒီနေ့ကျောင်းမသွားဘူးလား"

ဘယ်ချိန်ကတည်းကရောက်နေတယ်မသိ ကျောင်းဝင်းအတွင်းအဆောင်အတူနေသည့် ဆရာမခင်ချို ကနောက်ကျောဘက်မှပုခုံးလေးအသာကိုင်ကာဆိုသည်။
မှန်ပြတင်းလေးကနေတဆင့် ရွာကျလာတော့မည့် ကောင်းကင်နက်နက်အားငေးနေသည့် ခရေညို တစ်ယောက် အတွေးစပျက်သွားသည်။

"သွားမယ် မခင်ချို ညို နဲနဲတော့နောက်ကျမယ် ဒီနေ့ကဒီကျောင်းမှာတာဝန်ကျတာနောက်ဆုံးနေ့ဆိုတော့ အတန်းကခလေးတွေ ကိုနုတ်ဆက်ဖို့အတွက်ရယ် ကျောင်းကဆရာ ဆရာမတွေကိုနုတ်ဆက်ဖို့ရယ် ညိုပြင်ဆင်စရာလေးတွေရှိလို့ပါ"

နောက်ဆုံးနေ့ဆိုတာကို ညိုအတွေးထဲမှ ထုတ်မရပေလေးနှစ်တာသံယောဇဉ်ဆိုသည်မှာနည်းလှသည်မဟုတ်အဖြူရောင်သံယောဇဉ်တွေနှင့်တစ်နှစ်ပြီးတစ်နှစ်ရစ်ပတ်ခဲ့သည့် နယ်စပ်တစ်နေရာမှကျောင်းလေးတစ်ကျောင်းနှင့် စာသင်ပေးခဲ့သည် ခလေးများလုပ်ဖော်ကိုင်ဖက်ဆရာ ဆရာမ များ ကိုထားခဲ့၍ ညိုပြောင်းရွေ့ရတော့မည် ခံသာသည်က ပြောင်းရမည့်ကျောင်းမှာ ညို၏ဇာတိမြို့လေးသို့ဖြစ်နေသည်။

ခွဲခွာရမည်ဆိုသော်လည်း ညိုအလှဆုံးပြုံးထားမိသည်
ညိုအတန်းပိုင်လုပ်ခဲ့သည့်စာသင်ခန်းမှခလေးများကညို့အပေါ်အရမ်းတွယ်တာကြသည်။ချစ်ခင်လေးစားကြသည် ညိုသာမျက်နှာမလှနေလျှင်သူတို့လေးတွေ စိတ်မကောင်းဖြစ်ပြီးငိုမိကြလိမ့်မည်မှာ ညိုသိသည်။
ကျောင်းသို့ရောက်ရောက်ချင်း ညိုအတန်းထဲသို့ဝင်လာသည်။ ညိုကျောင်းလာတာဒီနေ့ နောက်ဆုံးဖြစ်သည်မှာသူတို့လေးတွေမသိသေးပေ ညိုအားတင်း၍ပြောရပေမည်။
လက်ထဲတွင်ပါလာသော ထမင်းချိုင့်လေးအားစာပွဲပေါ်အသာချကာ ညိုနုတ်ဆက်လိုက်သည်။

"ခလေးတို့အားလုံးမဂ်လာပါ "

ပုံမှန်ဆိုလျှင် ညိုအတန်းထဲ၌နုတ်ဆက်ပြီးသည်နှင့် ဩဝါဒတစ်ခုခုခြွေတက်သည်။ ယနေ့တွင် ညိုနုတ်ဆက်ပြီးသည်နှင့် ထိုင်ခုံတွင်ချက်ချင်းထိုင်လိုက်ကာ စကားတစ်ခွန်းအား ပြောရန်အားယူနေသည်။
အတန်းထဲရှိခလေးများမှ အမူယာပြောင်းလဲနေသောညို့အားကြည့်ကာ နားလည်ရခက်နေဟန်ရှိသည်။
ထိုချိန် ညိုရှိရာစာသင်ခန်းအ‌ေရှ့သို့ ကျောင်းအုပ်ဆရာမကြီ‌ေရာက်လာသည်။

ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)Where stories live. Discover now