Part 6🕯️(uni & zawgyi)

110 13 0
                                    

"ဘယ်နဲ့လဲ ကောင်မလေး ကျောင်းစောစော လာရကျိုးနပ်ရဲ့လား " .........

"ရှင် !!!"

နွေမှာဒဏ်ရာရနေသည့်ကြားကပင် ဆရာမ ခရေညိုမှခနဲ့ပြော ပြောလိုက်သဖြင့် စိတ်ထဲဘဝင်မကျဖြစ်မိသည်။ နွေ့ဖွားဖွားမှကျောင်းလိုက်မလာနိုင်၍သာ ဆရာမတစ်ယောက်၏ဆိုင်ကယ်နောက်လိုက်စီးခဲ့ရသည်။ ပုံမှန်ဆိုလျှင်မာနခဲ‌ေလးနွေမှာ သူတစ်ပါးကိုးအားကိုးရသည်ကိုမနှစ်မြို့ပင် အခုပင်လျှင် ဒဏ်ရာမှနားနေရသည့်ကြားထဲ ခနဲ့သလိုအပြောခံရပြန်သည်။

"ဟားးး တို့ကနှောက်တာပါ မင်းဒဏ်ရာကနာနေမှာပဲ ဘယ်လောက်တောင်ချုပ်လိုက်ရလဲကွယ် "

ဒေါ်ခရေညိုမှ ရယ်ကျဲကျဲဖြင့်ဂရုတစိုက်ပြန်ပြောလာသဖြင့်နွေအနည်းငယ်တော့စိတ်ပြေသွားသည်။
‌နွေမှာကျောင်းuniformဖြစ်သည့်ထဘီအစိမ်းလေးဝတ်ထားသဖြင့် ဆိုင်ကယ်ပေါ်၌ ‌‌ေဘးတစောင်းလေးထိုင်လာရသည် ချုပ်ခံထားရသည့်ပတ်တီပတ်ခြေထောက်အားလည်းမခိုက်မိအောင်ဂရုတစိုက်စီးလာရသဖြင့် နွေ့၏လက်တစ်ဖက်အားဆိုင်ကယ်၏အနောက်ဘက်ဘားတန်းလေးအားကိုင်ကာ ကျန်သည့်လက်တစ်ဖက်မှာ ဆရာမခရေညိုခါးအားအသာဖက်ထားရသည်။
စောနကမှအစိမ်းချုပ်ခံထားသဖြင့်ဒဏ်ရာမှတစ်ဆင့်ဆင့်ကိုက်သကဲ့သို့ခံစားနေရသည် ထို့ပြင်ဆေးခန်းထဲတွင်ကြောက်စိတ်ကြောင့်အော်ဖို့ပင်မေ့နေခဲ့သော်လည်း ဒီချိန်တွင်တော့နွေမှာနာလွန်း၍အားပါးတရအော်ချင်စိတ်ပင်ပေါက်နေသည်။ သို့သော်သူစိမ်းဆရာမတစ်ယောက်၏အနောက်သို့လိုက်လာရသဖြင့် ထိုစိတ်တို့အားထိမ်းကာ အသံမထွက်မိအောင်ပင်အံကြိတ်နေရသည်။

"နွေနရီ ..မင်း ..ဆရာမမေးနေတာကော ကြားရဲ့လား ကြားရင်လည်းတစ်ခုခုပြန်ပြောလေကွယ် အရှေ့ကမေးနေတဲ့လူကဖြင့်အရူးကျလို့ "

" မဟုတ်ပါဘူး ဆရာမ အား..နွေ နာနေလို့ မအော်မိအောင် အံကြိတ်ထားမိလို့ပါ "

နွေ့ဆီမှငိုမဲ့မဲ့အသံနဲ့အတူ ပြန်ဖြေသံကြားရ၍ ညိုစိတ်မကောင်းဖြစ်ရပြန်သည်။

"ကျွတ် ..ကျွတ်..ကျွတ် ..sorryပါကွယ် ဟုတ်သား နာနေမှာပေါ့ ဆရာမကိုကမဆင်မခြင်ပြောနေတာ ခဏနော်သမီး ..သမီးအိမ်ကဘယ်နားလောက်လဲ ဆရာမကိုလမ်းပြောဦး "

ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)Where stories live. Discover now