Part 3🕯️(uni & zawgyi)

155 8 0
                                    

ကျောင်ဝင်းထဲသို့ဝင်ဝင်ချင်း ဖွင့်လျက်သားကျောင်းတံခါးရှေ့တွင် ညိုခေတ္တမျှရပ်ကြည့်မိသည်။ မရောက်သည်မှာကြာပြီဖြစ်‌ေသာကြောင့် ပြောင်းလဲမှုအများကြီးဖြင့်တင့်တယ်လှပနေသော‌ေကျာင်းကြီးဖြစ်နေလေသည်။ ကျောင်းအဝင်ဝရှိ ဂိတ်မှူးဆရာမဆီသွား၍ ကျောင်အုပ်နှင့်တွေ့ရမည်ဖ်ြသောကြောင့် အကူညီတောင်းရန်ညိုဝင်လာခဲ့သည်။ ဂိတ်တဲလေးနား သန့်ရှင်းရေးလုပ်နေကြသည့်ခလေး တစ်စုနှင့် တာဝန်ကျဂိတ်မှူးဆရာမလေးနားရပ်နေသည့် ခလေးနှစ်ယောက်အားညိုလှမ်းမြင် နေရသည်။ ဂိတ်တဲနားအရောက်‌တွင်

" ဆရာမ ...ညို ကဒီနေ့မှပြောင်းလာတဲ့ ဝန်ထမ်းအသစ်ပါ ကျောင်းအုပ်ကြီးရှိလာရှင့် "

ညို့ကိုမြင်တော့ ဂိတ်စောင့်ဆရာမ မှာထိုင်နေရာမှထရပ်၍ ညိုမေးသည်ဖြေသည်။

" ရှိတယ် အညို ရုံးခန်းတော့မရောက်သေးဘူးထင်တယ် အဆောင်မှာပဲ ရှိဦးမယ် ဒီချိန်ကစောသေးတော့ "

ညို့နားထဲတွင် ရင်းနှီးနေသည့် အသံနှင့် အခေါ်ဝေါ်ကိုခံစားမိလိုက်သည်။ ညို့ကို အညိုလိုခေါ်သည့်တစ်ယောက်တည်းသောသူ ...ညို ချက်ချင်းပင်မျက်နှာကိုသေချာပြန်ကြည့်မိသည်။

" မမဝေ ! ..."

ညို တအံ့တဩခေါ်လိုက်တော့ ညို့အားပြုံး၍ကြည့်နေသည်။

"ဘယ်နဲ့လဲ ...မှတ်မိပြီလား ဝင်လာတုန်းကတော့ တို့ကို မတွေ့ဖူးမမြင်ဖူးတဲ့သူလို တရင်းတနှီးမရှိလိုက်တာ အညိုရယ်"

ညို ရယ်ရမလားငိုရမလား မသဲကွဲတော့ပေ ... ညိုနှင့် မမဝေတို့ နှစ်ယောက်မတွေ့ဖြစ်ကြသည်မှာ ငါးနှစ်ကျော်ခြောက်နှစ်နီပါးခန့်ရှိပေမည် အလုပ်တာဝန်တွေကြောင့်တစ်နယ်စီဝေး နေကြပြီး ဒေသအခြေနေတွေ့ကြောင့်ပင်အဆက်သွယ်ပျက်ခဲ့ရသည်။

တစ်မြို့တည်းနေ၍ တစ်ကျောင်းတည်းတက်ခဲ့ကြသည့် ညီမအရင်းသဖွယ်သံယောဇဉ်ရှိခဲ့ကြသည့် ညိုနှင့် မမဝေမှာ အသက်‌ေခြာက်နှစ်မျှကွာသည်။ အကြီးဖြစ်သည့်မမဝေဖို့ ညို့အား ခလေးတစ်ယောက်ပမာ တွေ့သည့်အခါတိုင်းပြောဆိုဆက်ဆံတက်သည်။ကျောင်းဆရာမ ရပ်ဝန်းထဲသို့အရင်ဝင်လာသောမမဝေမှာ ညို့ကိုလည်း
ကျောင်းဆရာမကောင်းတစ်ယောက်ဖြစ်စေ ချင်ခဲ့သည်။

ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)Where stories live. Discover now