Part 2🕯️(uni & Zawgyi)

148 7 1
                                    


ကားလမ်းတစ်လျောက်မိုးက သည်းလာသဖြင့်ကားဆရာဦးလေးမှာ ဂရုတစိုက်နှင့်မောင်းလာဟန်ရှိသည်
မိုးကြောင့်မှောင်နေသည့်လမ်းမပေါ်သည်းသည်းကွဲကွဲမမြင်ရ၍ဟွန်းများတီးကာ အန္တရယ်ကိုသတိပြုလာရသည် ။ နက်ဖြန်ဆိုလျှင် ပြောင်းရမည့်ကျောင်းသို့အဝင်ပြရမည်ဖြစ်၍ နေ့တွင်းချင်းလာခဲ့ရခြင်းဖြစ်သည် ညို၏ဇာတိဖြစ်သည်ကတစ်ကြောင်း မိဘများရှိရာအိမ်သို့ပြန်ရမည်ဖြစ်သည်ကတစ်ကြောင်းဖြင့် ညိုအားတင်ကာ မကြောက်မရွံ့ပြန်လာခဲ့သည်။

"ဦးလေး ရှေ့နားဆိုရင် ညိုတို့မြို့ကိုသွားမယ့်တံတားရောက်ပြီး "

မှုန်ပြပြမြင်နေရသော မြစ်ငယ်တစ်ခုကိုဖြတ်ကာဆောက်ထားသည့် တံတာ‌းလေးတစ်စင်းအား ညိုလက်ညိုးထိုးပြလိုက်သည် မိုး၏အရှိန်ကြောင့်အုပ်ဆိုင်းနေသည့်အမှောင်ရိပ်နှင့်အတူ ညဦးယံအချိန်သို့ရောက်လာလေပြီ
ညို၏နေအိမ်သို့ရောက်ရန် နာရီဝက်ခန့်သွားရပေဦးမည်။
တံ‌တားကိုဖြတ်ကာ တဖြည်းဖြည်းမောင်းလာသည်မှာ ညို့အိမ်နားရောက်လုနီးပြီဖြစ်သည်။

"ဆရာမလေး ဦးလေးဘယ်လမ်းကဝင်ရမလဲ "

အိမ်သိုအဝင်လမ်းထိပ်တွင်လမ်းနှစ်ခွဖြစ်နေ၍ကားဆရာဦးလေးမှမေးနေသည်

"ဘယ်ဘက်ချိုးလိုက်ဦးလေး အဲ့ဘက်ကဝင်ရင် လေးအိမ်မြောက်ကညို့အိမ်ပဲ "

"ဟုတ်ပြီ ဆရာမလေး လမ်းကမှောင်နေတော့ ဦးလေးကြိုမေးထားတာ အိမ်ရှေ့ရောက်ရင်ပြောနော် "

ကားဆရာဦးလေးမှာ စကားပြောရင်းလမ်းထဲဝင်လာကာညို့အိမ်ရှေ့သို့ရောက်လာသည်။

"ရောက်ပြီ ဦးလေး ဒီအိမ်ပဲ "

အပြာနုရောင်နှစ်ထပ် အိမ်လုံးချင်းမှာ မီးရောင်ပြပြအောက်တွင် ရိပ်ရိပ်ကလေးမြင်နေရသည် မိုးကမစဲသေးသဖြင့် အမှောင်ရိပ်တော့ရှိနေဆဲပင် ကားသံကြား၍ထင်သည် အိမ်အပေါ်ထပ်မှ ပြတင်းတံခါးပွင့်လာသည် ။
ညိုကားပေါ်မှဆင်းကာ ထီးလေးဖွင့်၍ ညိုဖြစ်ကြောင်းပြလိုက်သည် ထိုနောက် ဖေဖေအိမ်ပေါ်မှ ဆင်းလာကာ ခြံတံခါးဖွင့်ပေးလေသည်။

"သမီးလေး ညို ဖေဖေတို့ကမျှော်နေတာ ညကြီးမိုးချုပ်သမီးရယ် စောစောထွက်လာတာမဟုတ်ဘူး"

ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)Where stories live. Discover now