Part 7 🕯️(uni & zawgyi)

108 10 0
                                    

ညိုကျောင်းသို့ပြန်ရောက်လာချိန်သည်နေ့ခင်း‌ေကျာင်းပြန်တက်ချိန်ဖြစ်၍ညိုဆယ်တန်း Bအခန်းသို့အတန်းဝင်းရမည်ဖြစ်သည်။
ထို့ကြောင့်ညို လိုအပ်သည့်စာအုပ်ယူရန် နားနေခန်းရှိရာသို့ဝင်လာခဲ့သည် နားနေခန်းထဲတွဲ မမဝေအပါဝင် ‌နွေနရီ၏အတန်းပိုင်ဆရာမနှင့် ကျန်ဆရာမသုံးလေးယောက်သာရှိနေသည်။ ညိုနားနေခန်းသို့ဝင်ဝင်ချင်းတွင်ပင် မမဝေထံမှမေးခွန်းမျိုးစုံအားမေးခြင်းခံရတော့သည်။

"အညို မနက်ကတည်းကတော်တော်ကြာကြာပြောက်သွားလိုက်တာ နွေနရီကောအဆင်ပြေရဲ့လား "

"ဟုတ် မမဝေ ...ညိုလည်းခလေးမလေးက်ုပို့ပြီးတာနဲ့ကျောင်းပြန်လာမလို့ပါပဲ မိုးကမစဲတာနဲ့ ...."

"တို့ အညို့အတန်းကိုအစားဝင်ထားပေးတယ်နော် ဒါနဲ့ ဒီကျောင်းကိုမနေ့ကမှစရောက်တာဆိုတော့ တို့အနေနဲ့အညို့ကိုအတန်းဝင်မပျက်စေချင်ဘူး "

မမဝေ၏ အသံမှာအနည်းငယ်တင်းမာနေဟန်ရှိသည်။ ညိုဘာမှပြန်မ‌ေပြာဘဲခေါင်းအသာညိမ့်ကာ ညိုထိုင်သည့်နေရာအားစာအုပ်ယူရန်သွားလိုက်သည်။

"ခရေညို ...ညီမရေ...နွေတစ်ယောက်အခြေနေ‌ဘယ်လိုလဲ "

နွေနရီ၏အတန်းပိုင်မှညို့အားမြင်၍လှမ်းမေးလေသည်။

"ဟုတ်ကဲ့ အစ်မ နွေနရီကိုသူ့အဖွားနဲ့သေချာအပ်ခ့ဲပါတယ် ညိုပြန်လာချိန် ဆေးရှိန်နဲ့အိပ်မောကျနေလို့ ညိုကြီးကြီးကိုပဲနုတ်ဆက်ခဲ့လိုက်တာ"

"အစ်မလည်း ညနေကျောင်းဆင်းရင် သွားကြည့်ဦးမှ ညီမ‌ကိုလည်းကျေးဇူးတင်ပါတယ်နော် အစ်မအတန်းကခလေးကိုအစ်မအစားလိုက်ကူပေးလို့ "

" ရပါတယ် အစ်မရယ်နွေနရီက ညို့တပည့်ဆိုလည်းမမှားပါဘူး ညို့မှာလည်းတာဝန်ရှိပါတယ် "

"ဒါတော့ဒါပေါ့ ညီမကမနေ့ကမှရောက်တာ အစ်မအပူပေးမိသလိုများဖြစ်မလားလို့လေ "

"မဟုတ်တာ အစ်မရယ် ညို့ဖို့အပန်းမကြီးပါဘူး စိတ်ထဲမထားပါနဲ့ ဒါဖြင့်ညိုအတန်းဝင်ရမှာမို့ သွားလိုက်ဦးမယ်နော် "

ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)Where stories live. Discover now