Part 5 🕯️(uni & zawgyi)

85 9 0
                                    

မနေ့ည ညိုအခန်းတွင်းအခန်းစည်းလိုက်ကာမပိတ်မိ၍ ယနေ့နံနက်တွင် မှန်ပြတင်းမှတစ်ဆင့်နေရောင်တို့ကညို့အခန်းတွင်ဝင်ကာ ညိုအားမနက်လင်းပြီးဖြစ်ကြောင်းအချက်ပြနေသည်။ ထိုအချိန်နံနက်ခင်းအလင်ရောင်တွေနှင့်အတူ ညို့ဆီဖုန်တစ်ကောဝင်လာသဖြင့် ညိုအိပ်ချင်မူးတူးဖြင့်ကောက်ကိုက်လိုက်သည်။

"ဟဲလို ...ညိုပြောနေပါတယ် "

တဖက်မှအသံမှာကြည်လင်ပြက်သာစွာပြန်ကြားရသည်။

"တို့ပါ ...အညို နိုးပြီလား "

ဖုန်းcontact ကိုမကြည့်လိုက်မိပါပဲ ကိုင်လိုက်‌ေသာ်လည်းမည်သူမည်ဝါဆိုပြီးမှားနိုင်ချေမရှိသော တစ်ဦးတည်းသောအသံပိုင်ရှင်
ညို ချက်ချင်းပင်မျက်စိလင်းသွားပြီးအိပ်ယာမှထထိုင်လိုက်သည်။

"ဟင် ...မမဝေ ညိုကအိပ်လို့ကောင်းတုန်း ခြောက်နာရီကျော်လောက်ပဲရှိဦးမယ်ထင်တယ် ဘာဖြစ်လို့လဲ မမဝေ "

ညို၏အိပ်ယာထစအိပ်ချင်မူးတူးအသံနှင့်ပြောနေသည့်စကားအဆုံးတွင်မမဝေထံမှ ရယ်သံသဲ့သဲ့လေးပြန်ကြားရသည်။

"ခလေးတွေကပဲ အအိပ်ပုတ်တာမဟုတ်ဘူးဟေ့ ဆရာမဖြစ်သူ
ကပါအအိပ်ပုတ်တာနော် မမဝေဖြင့်ဒီချိန်အလုပ်တွေလုပ်ပြီးပြီး မနက်ကဘုရားကန်တော့တယ် အခန်းသန့်ရှင်းရေးလုပ်တယ် ပြီးတာနဲ့ မနက်စာပြင်တယ် ပြင်ပြီးတာနဲ့ အညို့ဆီဖုန်းဆက်တာ တို့နဲ့မနက်စာတူတူစားရအောင်လို့လေ ဘယ်လိုလဲ လာမယ်မလား "

မမဝေမှာ ညို့အားခလေးတစ်ယောက်သဖွယ်အရာရာဂရုတစိုက်ဖြင့်ဆက်ဆံတက်သည် ညိုဘယ်အရွယ်ရောက်ရောက်ပင် အရင်တချိန်ကမမဝေနဲ့စဆုံခဲ့သည့်ခံစားချက်မျိုးကိုအမြဲအမှတ်ရနေစေသည် အခုပင်လျင်ကျောင်းချိန်ကျဆုံမည်ဖြစ်သော်လည်းမနက်စာကိုတကူးတကပြင်ကျွေးပြန်သဖြင့်ညိုငြင်းရခက်ပြန်သည်။

"မမဝေရယ် အလုပ်ပိုတာပေါ့ ညိုကအိမ်မှာဖေဖေပြင်ပေးတာစားနေကြ ညိုကိုယ်တိုင်လုပ်မယ်ဆိုတာတောင် ဖေဖေကမနက်စာလည်းက်ိုယ်တိုင်လုပ်ရမှ ထမင်းဟင်းလည်းကိုယ်တိုင်လုပ်ရမှကျေနပ်သူကြီးလေ မေမေ့ကိုတောင်မီးဖိုမဝင်ခိုင်းတာကြာရောပေါ့ "

ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)Where stories live. Discover now