"ဝေ ...သတိရလာပြီလား..."
ဆေးရုံကုတင်ပေါ်တွင်ဘယ်ချိန်ထိပင်မေ့မျှောနေခဲ့သည်မသိ ဝေနိုးလာတော့ ကုတင်ဘေးတွင် အဆောင်အတူနေကြသည့် အစ်မသန္တာရှိနေသည်။
"အစ်မသန္တာ ..ဝေ ဘယ်ချိန်ကဆေးရုံရောက်နေတာလဲ "
"မနေ့ညနေကတည်းကဝေ မသန္တာတို့ကျောင်းကပြန်လာချိန်ဝေ အခန်းထဲမေ့လဲနေလို့ ညီမခရေညိုကအကူညီတောင်းတာနဲ့ အစ်မတို့ဆေးရုံခေါ်လာကြတာ "
အစ်မသန္တာပြောကာမှ ဝေသတိရတော့သည်။ မနေ့ကညနေမြို့ထဲဆေးခန်းသွားမည်ဟု အညို့ကိုပြောထားသဖြင့်ဝေအိပ်ရာမှနိုးနိုးချင်း နုံးနေသည့်စိတ်တို့လန်းသွားရန်ရေချိုးလိုက်သည်။ ထို့နောက်သနပ်ခါးချယ်ပြီးကာမှ ခေါင်းထဲ၌ရီဝေဝေဖြစ်လာ၍ လဲကျသွားရာ အခုချိန်ဆေးရုံရောက်နေသည်ကိုပင်သတိရတော့သည်။
"ဒါနဲ့ အညိုကော အစ်မသန္တာ "
"ခရေညိုက မနေ့ညက တစ်ညလုံးဝေ့ကိုစောင့်နေတာ သည်မနက်တော့ အဝတ်စားလဲပြီးလိုအပ်တာပြန်ယူမယ်ဆိုတာနဲ့ မသန္တာကကူစောင့်ပေးတာ ညီမလေး သီသီခိုင်လည်း ပါတယ် ဆေးရုံအောက်ထပ်မှာ မနက်စာဆင်းဝယ်နေလေရဲ့ "
"ကျေးဇူးတင်ပါတယ်နော် "
"ရပါတယ်ဝေရယ် ေဝသာကျန်းမာအောင်နေပါ အစ်မတို့အတွက်အပန်းမကြီးပါဘူး "
ဝေနှင့်အစ်မသန္တာတို့စကားပြောနေစဉ် ညီမသီသီခိုင်မှမနက်စားဝယ်ပြီး၍ ပြန်ရောက်လာသည်။
"မမသစ်ခက်ဝေ သတိရလာပြီလားရှင့် "
ဝေမှခေါင်းအသာညိမ့်ပြလိုက်သည်။
"သီမနက်စာပြင်လိုက်မယ်နော် အစ်မသန္တာဖို့က တို့ဟူးနွေးရယ် မမသစ်ခက်ဝေဖို့က နွားနို့နဲ့ ပဲပြုတ်ထမင်း "
" သီသီ အစ်မဝေဖို့ ကော်ဖီပဲပေးပါလား "
ဝေ့စကားကြောင့် အစ်မသန္တာနှင့်သီသီတို့မျက်လုံးအဝိုင်းသားဖြစ်သွားကြသည်။
"ဝေရယ် ဒေါက်တာက မှာထားတယ်လေ ဝေ့ကိုကော်ဖီမသောက်ဖို့ စောနလေးကမှသတိပြန်လည်လာတာကိုကွယ် နောက်တော့ကျန်မာလာရင် သောက်ပေါ့ အခုတော့ဖြင့်သည်းခံလိုက်ပါဦး မသန္တာကစေတနာနဲ့ပြောတာပါ "
CZYTASZ
ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)
Romans"လူတကာက အချစ်ဆိုတဲ့အရာကိုအဓိပ္ပါယ်အမျိုးမျိုးဖွဲ့ကြပေမယ့် နွေကတော့အချစ်ဆိုတာကို ဂန္တာရထဲကရေတစ်စက်လို့တင်စားချင်တယ်"