Part 4🕯️(uni & zawgyi)

97 9 2
                                    

ညိုနှင့်မမဝေတို့ ဆိုင်ကယ်တစ်စီးဖြင့် ညို့အိမ်သိုလာခဲ့သည်။ ညိုတို့အိမ်အရောက်တွင် ဖေဖေမရှိနေပေ မေမေသာရှိ၍ မမဝေကိုအလည်ခေါ်ခဲ့ကြောင်းပြောကာ မမဝေအားဧည့်ခန်းရှိထိုင်ခုံတွင်ထိုင်‌ေစပြီးမမဝေအားဧည့်ခံရန်ညို မီးဖိုခန်းသို့သွားကာကော်ဖီဖျော်လိုက်သည်။
မေမေမှာ ဧည့်ခန်းထဲတွင် မမဝေအားမတွေ့တာကြာသည်နှင့် စကားဖောင်ဖွဲ့ပြောတော့သည်။

"သစ်ခက်ဝေ ...သမီးရယ် ပြောက်ချက်သားကောင်းလိုက်တာကွယ် သမီးညီမ မရှိလည်းကြီးကြီးတို့ဆီ လာလည်မှပေါ့ "

"ဝေလည်း လာလည်ချင်ပါတယ် ကြီးကြီးရယ် ကျောင်းဝင်းထဲ နေရတော့ကျောင်းကိစ္စတစ်ဖက် ကျောင်းချိန်ပြီးရင်အိမ်အလုပ်ကတစ်ဖက်နဲ့ စိတ်ကတော့ရောက်သား ဝေကဆိုင်ကယ်မစီးတက်တော့ပိုတောင်မရောက်ဖြစ်တာ"

ဝေတို့စကားပြောနေတုန်းဧည့်ခန်းထဲသို့ညိုရောက်လာသည်။
"မမဝေ ကော်ဖီသောက်ဦး မမဝေကော်ဖီကြိုက်တက်တာ ညိုသိတယ်နော် မသောက်ပဲမနေနဲ့"

ညိုမှလက်ထဲ၌ကိုင်လာသောကော်ဖီခွက်လးနှင့်အောက်ခံပန်းကန်လေးအားမမဝေရှေ့ချကာဆိုသည်။

"သမီးတို့စကားပြောအေးဆေးပြောကြဦး မေမေဖြင့်တစ်နေကုန်ထိုင်နေရတာ ခါးကညောင်းသလားလို့ အခန်းထဲခဏလှဲမယ်ကွယ် "

ညို့မေမေမှ အခန်းထဲသွားမည်ပြုသဖြင့်ညိုတွဲကူကာအခန်းထဲပို့ပေးလိုက်သည်။ ထို့နောက်မမဝေရှိရာဧည့်ခန်းသို့ပြန်လာရင်း မတွေ့ဖြစ်သည့်အချိန်အတွင်းသိချင်သည့်အရာများကိုမမဝေအားမေးတော့သည်။

"မမဝေ... ညိုနဲ့မတွေ့ဖြစ်တဲ့အချိန်တွေမှာ ဘာတွေများလုပ်နေတာလ‌ဲ မမဝေရယ် ညို့ကိုအဆက်သွယ်ဖြင့်မလုပ်ဘူး နေ‌နိုင်လိုက်တာနော်"

ညိုမှာမမဝေးအားပြောရင်မျက်စောင်းလေးပါစွေစွေလေးထိုးလိုက်သည်။

"အညိုရယ် မမဝေအပြောင်းကျတဲ့နေရာက internet လိုင်းတွေကောဖုန်းလိုင်းတွေကောမမိဘူးလေ မမဝေအညို့ကိုအချိန်တိုင်းသတိရနေတာ "

ဘာပြောပြောပြုံးပြီး‌ေပြာတက်သောမမဝေက ခုလည်းညို့အားပြုံ၍ကြည့်ကာပြောလိုက်သည်။

ရင်နှင့်ရင်း၍ ချစ်ခြင်းသီ (uni & zawgyi)Where stories live. Discover now