အပိုင်း(2)U/Z

57.9K 2.5K 198
                                    


နှိုင်းမနက်အစောကြီး  အိမ်ရှေ့အထိ လာခေါ်သော  မေမေ​ကြောင့်  နှိုင်းနှင့်လက်ထပ်ရမည့်သူ၏ အိမ်ကိုလိုက်လာခဲ့ရသည်။

အိမ်ဝန်းထဲကိုဝင်လိုက်တာနဲ့   အပင်များစွာကို စိုက်ပျိုးထားသည် ကိုမြင်ရသည်။ အိမ်ကတော်တော်ကျယ်တယ် ပြောရမည်   ကားပေါ်ကဆင်းလိုက်သည်နှင့်တစ်ပြိုင်နက်  နှိုင်းမော့ကြည့်လိုက်မိသည် ။ အိမ်ကတော်တော်ကိုကြီး၏။  မေမေနှင့်စကားရပ်ပြောနေသော  အမျိူးသမီးကိုတွေ့တာကြောင့် အံ့သြသွားရသည်။

" တီတီ ကဒီကိုဘယ်လိုရောက်နေတာ..."

"နှိုင်းလေ လက်ထပ်ရမှာ...တီတီသားလေ..."

"ဟင် ...အဲ့ဆိုတိမ်ယံ ရဲ့ညီပေါ့...."

"ဟုတ်ပါ အထဲမှာရောက်နေကြပြီအကုန်လုံးက...."

နှိုင်း တီတီကိုသာမြင်ဖူးပါသည်။ တီတီသားကိုတော့ တစ်ခါမှမမြင်ဘူးပါ    နာမည်တော့သိ၏  စိုင်းတည်တံ့ဉီးတဲ့    နိုင်ငံခြားမှာ  ကျောင်းတက်နေသည်ဟုသိထားရသည် ။တီတီနဲ့ကလည်း  စနေနေ့တိုင် ညစားဆုံစားရင် တစ်ခါတစ်ရံ  ဖေဖေထူးက ဖုန်းဆက်ခေါ်တာကြောင့်  ရင်နှီးခဲ့ရတာဖြစ်သည်။  တီတီက  လုပ်ငန်းတွေကိုတစ်ယောက်ထဲ ဉီးစီးနေရတော့ မအားလပ်တော့ ဆုံတွေ့ရတာတော့ရှားပါသည် ။

နှိုင်းတို့ အထဲကိုဝင်လာတော့  သစ္စာတို့မိသားစုရောပါ ရောက်နေကြတာဖြစ်သည်။ နှိုင်း  တိမ်ယံနှင့် သစ္စာကို မျက်စောင်းထိုးလိုက်သည်။   ညက​နှိုင်းပြောပြတော့ မသိချင်ယောင်ဆောင်ပြီ  အံ့သြပြနေကြတာသူတို့မဟုတ်သည့်အတိုင်း  နှိုင်းမျက်စောင်းထိုးတာမြင်လို့ထင်၏  စပ်ဖြီးဖြီးနဲ့ရယ်ပြ၍  နှိုင်းလက်ကိုလာတွဲကြသည်။

" လာလာ ....အိမ်ထောင်ပြုမည့် သတိုးသားလောင်းလေ..."

" နင်တို့သိနေတာမလား..."

" အင်း ဟိုတစ်နေ့ကတည်းကလေ ...အစပိုင်းက ငါတို့လည်းမသိဘူး   တီတီတောင်မသိဘူး မင်းဆိုတာကိုဓာတ်ပုံပြမှသိတာတဲ့ အဲ့တာနဲ့ဖေဖေဆီကိုဖုန်းဆက်ပြီးပြောလာတာလေ မင်းမေမေနဲ့  တီတီနဲ့က ငယ်သူငယ်ချင်းတွေတဲ့  အဆက်သွယ်ပြန်ရတော့ ခုလိုဖြစ်သွားတာတဲ့ အကြောင်းစုံတော့ငါလည်းသေချာမသိဘူး..."

Doctor  Husband (Complete)Where stories live. Discover now