အပိုင်း(29)U/Z

32.2K 1.2K 26
                                    

တည်တံ့တို့မနက်အစောကြီးထ၍ မာမီနှင့်မြို့ပြင်ဘက်ကို ကားမောင်းလျက် မာမီနဲ့ စကားတပြောပြော
နှင့်သွားကြသည်။ မာမီကြည့်ချင်တဲ့ ခြံကိုရောက်တော့  တည်တံ့တို့ကားကိုရပ်လိုက်သည်။ ခြံက အကျယ်အဝန်း ရှိသော်လည်း  စျေးမတည့်တာကြောင့်   ပြန်လာခဲ့ကြသည်။

" မာမီ...ကြိုက်တယ်မလား..."

"ကြိုက်တယ်လေ.."

"ဝယ်လေးဒါဆိုလဲ..."

"စျေးမကြိုက်လို့လေ..."

"သဘောပါဗျာ...ကျွန်တော်ကလိုချင်တာကိုမဝယ်လို့..."

"နောက်ထပ်သဘောကျတာထပ်ရှိလာမှာပါ..."

"မာမီကဘာလုပ်ဖို့လဲ..."

"သားနှိုင်းဗိုက်ထဲက ...မာမီ့မြေးလေးအတွက်လေ..."

"ဟားဟား...မာမီကသားထက်
အရင်စီစဉ်နေတာပေါ့လေ..."

"ဒါပေါ့...တည်တံ့သားရှေ့မာကား..."

"ဟမ်..."

တည်တံ့မာမီဘက်စကားလှည့်ပြောနေတဲ့အချိန်  ကုန်ကားတစ်စီးက တည်တံ့တို့ကားကိုဉီးတည်ပြီးမောင်းလာတာ​ကြောင့် ခေါင်းထဲမှာပူထူသွားရ၏။  အရှေ့ကနေရည်ရွယ်ချက်ရှိရှိ  တိုးဝင်လာတဲ့ကားကြောင့်တည်တံ့ဘာမှဆက်လုပ်လို့မရတော့ပဲ ဝင်တိုက်တာကိုခံလိုက်ရသည်။ ကိုယ့်ဘာသာကို  စိတ်မပူမိပါ တည်တံ့ခေါင်းထဲကို ဒိန်းကနဲရောက်လာတာ မာမီပင်ဖြစ်သည်။  အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်ခံလိုက်ရတာကြောင့် ကားက သုံးပတ်လောက်လိမ့်သွားရသည်။

မြတ်  တစ်ယောက် ကားကြီးကအရှိန်ပြင်းပြင်းဖြင့်ဝင်တိုက်လိုက်တာကြောင့် နာကျင်သွားရသည်။ မိမိနာကျင်တာထက်  အသက်သွေး‌ကြောထဲကချစ်ရတဲ့ သားမျက်နှာကို ကြည့်၍  မျက်ရည်တွေကျလာရသည်။ လက်ဖြင့်ထွေးပိုက်ထားချင်တယ်  သားခေါင်းမှာ
သွေးတွေစီးကျနေတာက  မိမိနှလုံးသားကို  ဓားနှင့်    ထိုးနေတာထက်နာကျင်ရသည် ။

" သား...အင့်...အားတင်းထားနော် ..မာမီရှိတယ်...အင့်..."

နာကျင်နေတာကို အံ့တု၍  သားကိုပြောလိုက်သည် ။ မြတ်သားကို
ကြည့်နေရင်း သားက မျက်လုံးမှိတ်ကျသွားတာကြောင့်  ရူးမတက်ဖြစ်သွားရသည်။ သားက ဘာမှဖြစ်လို့မရဘူး   လှုပ်လို့မရတဲ့ ခန္တာကိုယ်ကို ဆဲဆိုမိသည်။ သားတစ်ယောက်လုံး သတ်ိလစ်သွားတာကိုမြင်ရက်နဲ့ ဘာမှမလုပ်ပေးနိုင်တဲ့ မိခင်တစ်ယောက်ဖြစ်သွားရသည်။ နာကျင်နေတဲ့ကြားမရရအောင် ရုန်းကန်၍  သား၏  ခေါင်းကို ဖက်ထားလိုက်သည်။

Doctor  Husband (Complete)Where stories live. Discover now