အပိုင်း(23)U/Z

30.1K 1.3K 59
                                    

"အော့..."

" နှိုင်းဘာဖြစ်တာလဲ ရရဲ့လား..."

တိမ်ယံတို့ကန်တင်းမှာ  ထိုင်နေတုန်း  နှိုင်းက ထပြေးပြီး ရုတ်တရက်အန်တာကြောင့် တိမ်ယံနှင့်သစ္စာပြေးလိုက်ရသည်။ သစ္စာက ကျောကိုပွတ်သပ်ပေး၍  တိမ်ယံက လက်ကိုင်ပဝါနှင့်  ရေဘူးကိုပေးရသည်။

" ဘာဖြစ်တာလဲ..နှိုင်းနေရထိုင်ရအဆင်ပြေရဲ့လား...ပြီးကျငါကြည့်ပေးမယ်..."(တိမ်ယံ)

"ဟင့်အင်းရတယ်..ရင်ပြည့်တာထင်တယ်..."

" ဘာကိုရတာလဲ..နှိုင်းရယ် မနက်ကတည်းက ...နင် ရင်တစ်ပြို့ပြို့နဲ့..."(သစ္စာ)

"ငါထင်တဲ့ဟာဖြစ်နေမလား..."(တိမ်ယံ)

"ဘာထင်တာလဲ.."(သစ္စာ)

"ဘာထင်တာလဲ."(နှိုင်း)

"ဟိုဟာလေဟာ...နှိုင်းဗိုက်ထဲမှာ...ငါ့ညီရင်သွေးလေးရှိနေတာလား..."

"ဟမ်...တကယ်.."(သစ္စာ)

"မဖြစ်နိုင်လောက်ပါဘူး..."(နှိုင်း)

"စစ်ကြည့်လို့ရတာပဲ.."(တိမ်ယံ)

"ငါရင်တွေခုန်နေပြီ."(နှိုင်း)

မနက်ကတည်းက ရင်တွေပြည့်ပြီး အန်ချင်နေတာဖြစ်သည်။ခေါင်းထဲလည်း  မူးနေတာဖြစ်၏။ ရိုးရိုးရင်ထဲမှာ မကောင်းတာထင်နေတာ  တိမ်ယံပြောမှာ  သံသယဝင်မိသည်။ တကယ်လို့  နှိုင်းဗ်ိုက်ထဲမှာသာ တည်တံ့ရင်သွေးလေးရှ်ိနေခဲ့တယ်ဆိုရင် ပျော်မိမှာဖြစ်သည်။နှိုင်းရင်တွေခုန်နေမိ၏။

"ငါတို့စစ်ကြည့်ရအောင်..."(သစ္စာ)

"အင်း.."(နှိုင်း)

နှိုင်းအပြင်  သူငယ်ချင်းနှစ်ယောက်ကပါ စိတ်လူပ်ရှားနေတာဖြစ်သည်။ တကယ်လို့ နှိုင်းဗိုက်ထဲမှာသာ  ကလေးလေးရှိနေခဲ့တယ်ဆိုရင်  သူတို့လဲ  တူလေး(သို့မဟုတ်)တူမလေးရမှာမလား ။ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်သုံးယောက်သား  ကန်တင်းကနေ   နားနေခန်းဖက်ကိုလျှောက်လာကြသည်။  နှိုင်းတို့သုံးယောက်   လမ်းလျှောက်နေတုန်း  နောက်ကနေခေါ်သံကြောင့် လှည့်ကြည့်လိုက်သည်။ မမြင်ချင်ပါဘူးဆိုတာကိုပေါ်ပေါ်လာတဲ့ ကောင်မဖြစ်နေတာကြောင့်  စိတ်လှုပ်ရှားနေတာတောင် ပျက်ရသည်။

Doctor  Husband (Complete)Where stories live. Discover now