အပိုင်း(12)U/Z

39.9K 1.7K 77
                                    

အရေးပေါ်လူနာရောက်လာတာကြောင့် ခွဲခန်းဝင်ခဲ့ရသည်။ ခွဲခန်းထဲကပြန်ထွက်လာတော့ သူငယ်ချင်းသုံးယောက် ဗိုက်ဆာနေပြီဖြစ်တာကြောင့် ကန်တင်းကိုထွက်လာကြသည်။
နေ့လည်စာအတွက် စားစရာတချို့ကိုမှာပီး ထိုင်စောင့်နေလိုက်ကြ၏။

" နှိုင်း ..."

"အင်း..."

အအေးခံထားရန် ရေနွေးငှဲ့နေသည့်အချိန် သစ္စာခေါ်သံကြောင့် နှိုင်းပြန်ထူးလိုက်သည်။ စကားဆက်မပြောလာတာကြောင့် သစ္စာကိုကြည့်လိုက်၏။ တခြားတစ်ဖက်ကိုစိုက်ကြည့်သော သစ္စာကြောင့် နှိုင်းပါလိုက်ကြည့်မိသည်။ နှိုင်းတို့၏ 2 ဝိုင်းကျော်တွင်ထိုင်နေသော ဒါလီဆွေနှင့် သူနာပြုတစ်ချို့ကိုမြင်ရသည်။

" ဘာပြောမလို့လဲ...သစ္စာ.."

"အဲ့ကောင်မကိုငါပါးတွေဆွဲရိုက်ချင်နေတာ..."

"အင်း..."

"ရုပ်ကိုက ...ကလိမ်ကကျစ်ရုပ်နဲ့.."

"အင်း..."

"နင်အတိတ်ကိုနောင်တမရဘူးလား..."

"မရဘူး..."

"ဘာ... .ဒေါက်...အ.."

' ဘာ ' ဆို၍ အော်လိုက်တာသည် နှိုင်းနှင့်သစ္စာပြောသမျှကို ငြိမ်၍ နားထောင်နေသော တိမ်ယံဆီကဖြစ်သည်။ ' ဒေါက်..အ 'ဆိုသည့်အသံမှာ ရေနွေးခွက်ဖြင့် နှိုင်း၏ ခေါင်းကို ခေါက်သံနှင့် နာသွားသောကြောင့်ထွက်ပေါ်လာသောအသံဖြစ်သည်။

တိမ်ယံတစ်ယောက် ရေနွေးသောက်၍ သူငယ်ချင်းနှစ်ယောက်ပြောနေသည့်ကို ငြိမ်၍ နားထောင်နေသည်။ ထိုအချိန် သစ္စာက နောင်တရလား မေးသည့်ကို မရဘူး ဟု ဖြေလာသော နှိုင်းကိုစိတ်တိုတာကြောင့်ခေါက်ထည့်လိုက်သည်။

" မင်းက....ခုထိ နောင်တမရဘူးပေါ့လေ...ဟုတ်လား..."

"အေးလေ...ငါတို့ကတော့ .."

"မင်းတို့ငါပြောတာကိုဆုံးအောင်နားထောင်ကြပါဦး.."

နှိုင်းမှာ စကားကိုဆုံးအောင်ပြောခွင့်မပြုဘဲ ရှေ့ကြိုရောက်၍ အပစ်မြင်နေသော သူငယ်ချင်းနှစ်ယောက်ကို မျက်စောင်းထိုးလိုက်သည်။

Doctor  Husband (Complete)Dove le storie prendono vita. Scoprilo ora