အပိုင်း(21)U/Z

31.6K 1.3K 36
                                    

"အခြေနေဘယ်လိုလဲ..."

" စိုးရိမ်ရတယ်ပြောတာပဲ...စောင့်ကြည့်ရမယ်တဲ့..."

"ဘယ်သူလုပ်တာလဲ BB...မင်းသိတယ်မလား ..."

"ငါမသိဘူး..."

"မင်းမသိလို့ရမလား...မင်းအကူညီတောင်းခဲ့တာလေ..."

"ငါအကူညီတောင်းတာဆိုတာဟုတ်တယ်ဒါပေမဲ့..ဘာမှမသိခဲ့ဘူး..."

"မင်းခေါင်းရှောင်လို့ရတယ်...ငါသိလို့ကတော့ဘယ်သူ့ကိုမှ ခွင့်လွှတ်မှာမဟုတ်ဘူး..."

"မင်းတို့ပြန်နားတော့ ..ခုမှရောက်တာမလား..."

"မလိုဘူး...သူ့မှာငါတို့ရှိဖို့လိုတယ်..."

တည်တံ့ အခန်းထဲကိုကြည့်၍ ပြောလိုက်သည်။ကုတင်ပေါ်မှာအေးချမ်းစွာ လှဲလျောင်းနေသူဟာ ဘယ်လောက်တောင်နာကျင်ခဲ့မလဲ တစ်ယောက်ထဲပြသာနာတွေလဲ
ရင်ဆိုင်ခဲ့ရသေးသည်။ လှဲနေသူ၏ ဘေးတွေထိုင်၍ ငိုနေတဲ့ဇွဲကြောင့် ကိုယ့်ဘာသာအားတင်းထားရသည်။

" မင်းသဘောပါ...ဒါဆိုငါသိသလောက်စုံစမ်းပေးမယ်..."

"ok...မင်းသွားချင်သွားလို့ရတယ်ငါတို့ရှိနေပေးဖို့လိုတယ်...သူ့အနားမှာ..."

" နောက်မှတွေ့မယ်..."

( eng လို့ပြောတယ်သတ်မှတ်ပေးနော် အပေါ်ကဟာတွေကို🤭)

BB ကိုခေါင်းညိတ်နှုတ်ဆက်ပြီး အခန်းထဲကိုဝင်လိုက်သည်။ ဒဏ်ရာဒဏ်ချက်တွေနဲ့လူကိုကြည့်၍ ရင်ထဲမှာ နာကျင်ပြီး ဒေါသထွက်လာရသည်။ နာကျင်စွာငိုနေတဲ့ ဇွဲကိုလည်းကြည့်ပြီးစိတ်မကောင်းပိုဖြစ်ရသည်။

" မငိုနဲ့တော့...မင်းငိုနေတာသိရင် သူစိတ်မကောင်းဖြစ်လိမ့်မယ်...ရောက်ထဲကနားလဲမနားရသေးဘူး..ရေချိုးပြီးနားချင်နားလိုက်လေ..."

တည်တံ့တို့လေဆိပ်ကဆင်းပြီး ခန့်ပိုင်ကိုတင်ထားတဲ့ဆေးရုံကိုတန်းထွက်လာတာဖြစ်သည်။ ဆေးရုံကိုရောက်တာနဲ့ ခန့်ပိုင်ကိုကြည့်ပြီး ဆက်တိုက်ငိုနေတဲ့ ဇွဲကြောင့် တားရတော့သည်။ သူပင်ပန်းပြီးလဲသွားပါက တည်တံ့ပို၍ စိတ်ညစ်ရမှာဖြစ်သည်။

"မင်းအရင်ချိုးချင်ချိုးလေ...ငါကရတယ်..."

"တော်ပြီ..မင်းအရင်ချိုး..."

Doctor  Husband (Complete)Where stories live. Discover now