အပိုင်း(26)U/Z

33.8K 1.4K 44
                                    

" မင်း​ရှင်းစမ်း ဒီကိစ္စကို...ဘာရည်ရွယ်ချက်နဲ့...ငါတို့နှစ်ယောက်ကြားကို ပြသာနာဖြစ်အောင်လုပ်ရတာလည်း..."

တည်တံ့၊ ဇွဲ၊ ခန့်ပိုင် သုံးယောက်သာ ဆေးရုံကိုလာကြတာဖြစ်သည်။ ဆေးရုံရောက်တော့ ဒါလီဆွေ ဘယ်မှာလဲမေး၍လိုက်လာတာဖြစ်သည်။ ထိုင်နေတဲ့သူကို ဖုန်းထဲကပုံတွေပြ၍ မေးလိုက်၏။ ဟိုတစ်နေ့ကစိတ်တိုပြီး ဖုန်းကိုရိုက်ခွဲလိုက်တာကြောင့် တည်တံ့ဖုန်းအသစ်ဝယ်ထားရသည်။ ပုံတွေကိုတော့ ကဒ်ပြန်ထည့်ထားတာကြောင့် ရှိနေတာဖြစ်သည်။

"သိချင်တယ်လား..."

ဆွေတစ်ယောက် နာနေခန်းမှာထိုင်နေတုန်း တံခါးဖွင့်၍ ဝင်လာတဲ့သူတွေကြောင့်အံ့သြသွားရသည်။ ဆွေပို့ပေးခဲ့တဲ့ပုံတွေကို ပြလာ၍ ဒေါသထွက်စွာမေးလာတဲ့အမေးစကားကြောင့်ပြုံးလိုက်သည်။ ဆွေလိုချင်တာဒါမျိုးလေ သူတို့အဆင်မပြေဖို့ကိုကြိုတင်စီစဉ်ခဲ့တာဒီလိုမေးလာတာကိုလိုချင်ခဲ့တာဖြစ်သည်။ ထ်ိုင်နေတာကနေ ထလိုက်၍ မောင့် အနားကိုလျှောက်သွားလိုက်သည်။

"သိချင်လား. ..တို့ကမောင်ကိုချစ်လို့လေ.."

"နှိုင်းကိုပြောနေတာလားခင်ဗျားက...နှိုင်းကကျုပ်နဲ့ယူထားတာလို့မင်းကိုပြောပြီးသားလေ ...အဲ့တာကိုရွံ့စရာကောင်းအောင်လာလုပ်မနေနဲ့..."

"ရွံ့လည်းမတတ်နိုင်ဘူး ..နှိုင်းမြတ်ဘုန်းကို အရင်ကရောခုရောစိတ်ထဲမရှိဘူး...မောင်ဆိုတာ မင်းကိုပြောတာမင်းကိုချစ်တာ..."

"တန်လို့လားငါနဲ့...ငါတို့ကြား ခလောက်ဆန်လိုက်လို့ ငါကမင်းကိုပြန်ကြိုက်မယ်လို့စိတ်ကူးတွေသိပ်ယဉ်မနေနဲ့ ..ကြာရင် ယဉ်ယဉ်လေးနဲ့ရူးသွားမယ်.."

" ရူးပါစေ..မောင်ကိုချစ်လွန်းလို့ရူးသွားတယ်ဆိုရင်တောင်တန်တယ်...အခုလည်းနှိုင်းမြတ်ဘုန်းကထားသွားပြီမလား...."

"ရူးလည်းထမင်းလွတ် ဟင်းလွတ်ရူး
လင်ဒါမရူးနဲ့....ငါနဲ့နှိုင်းကိုဝေးစေချင်တယ်ဆိုဆုတောင်းနေ..ဘုရားမှာဆယ်ဘဝဆယ်ကမ္ဘာထိုင်ဆုတောင်းနေလိုက်..."

"ဆုတောင်းတိုင်းပြည့်မယ်ဆို ...မောင်နဲ့တို့မြန်မြန်နီးစပ်ဖို့ဆုတောင်းနေပြီးပြီ..."

Doctor  Husband (Complete)Where stories live. Discover now