အပိုင်း(20)U/Z

36.4K 1.4K 28
                                    

" ဘာဖြစ်တာလဲ...မျက်နှာက ရှစ်ခေါက်ချိူးနဲ့ အချိုးမပြေတဲ့ရုပ်ပါဆို ...ဆူပုတ်နေတာပဲ...အိမ်တော့လာဘ်ရှိဦးမယ်..."

" မာမီသားဒေါသထွက်နေတာနော်...မစနဲ့..."

"မစပါဘူးငါပြောတာမဟုတ်လို့လား...နင့်မျက်နှာကိုမှန်ထဲပြန်ကြည့်လိုက်...."

"ဘာဖြစ်ဖြစ်ဗျာ...ညိုသွယ်ငါအတွက်မုန့်ထည့်ပေး..."

အိမ်အပေါ်ထပ်ကဆင်းလာပြီး မျက်နှာက ဆူပုတ်နေ၍ ခုံပေါ်ကိုဝင်ထိုင်တဲ့ သားဖြစ်သူကို မြတ် ပြောလိုက်သည်။ မျက်နှာက ဒေါသထွက်နေတာသိသာပါ၏ ။

"ဟုတ်..."

တည်တံ့ ဒေါသထွက်တယ်ဆိုတာထက် စိတ်ဆိုးနေတာဖြစ်၏။ ဘာလုပ်လုပ်တည်တံကို မတိုင်ပင်ပဲ လုပ်ချင်ရာလုပ်နေသူကို ကိုင်သာပေါက်လိုက်ချင်သည်။ အခုလိုသူ့ဘာသာဆုံးဖြတ်ပြီးမှ တည်တံ့ကိုပြောတော့ ဘာအသုံးဝင်နေမှာလဲ လုပ်ချင်ရာလုပ်ပါစေ။

စဉ်စားနေလျှင် ဒေါသထွက်၍ စိတ်မကောင်းဖြစ်ရမှာပဲရှိတာကြောင့် ညိုသွယ်ထည့်ပေးသော မုန့်ဟင်းခါးကိုသာ စားလိုက်သည်။ မုန့်ဟင်းခါးထဲကို ငှက်​​ပျောအူကပါ၍ ပဲခြမ်းကြော်ကို ချေပြီ ထည့်ထားတော့ အရာသာထူးပြီးစားကောင်းသည်။ ငရုတ်သီးစပ်စပ်လေးနဲ့ သံပုရာသီးကိုညှစ်၍ ထည့်ထားတာကြောင့် ပို၍ စားကောင်းသည်။

မုန့်ဟင်းခါးကိုစားကောင်းကောင်းဖြင့် တည်တံ့စားလိုက်တာခုဆို သုံးပွဲမြောက်ပင်ဖြစ်သည်။ ငရုတ်သီးစပ်စပ်ထည့်စားထားတာကြောင့် နှုတ်ခမ်းအနီးတစ်ဝိုက်နှင့် နှာခေါင်း ပါး တို့ပါ နီရဲစုတ်နေပြီဖြစ်သည်။ အစပ်ကြိုက်သလောက် အစပ်နှင့်မတည့်သူမှာ တည်တံ့ပင်ဖြစ်သည်။

"အစပ်တွေအများကြီးစားနေပြန်ပြီလား...ညကြဗိုက်တွေအောင့်နေတော့မှာပဲ စိုင်းတည်တံ့ဉီးရယ်..."

" ဘာမှမဖြစ်ဘူး..."

တည်တံ့က အစပ်တွေစားလျှင် ဗိုက်အောင့်တတ်သည်။ ငယ်ငယ်ထဲက အစပ်ကြိုက်တတ်သော တည်တံ့က အစာအိမ်ဆိုတဲ့ရောဂါကရှိလာခဲ့သည်။ တည်တံ့ဆယ်တန်းနှစ်ကဆို အူယောင်လို့ ဆေးရုံတက်ခဲ့ရသေးသည်။ အစပ်တွေမစားဖို့ အန်ကယ်က ပြောသော်လဲခိုး၍ စားသည်။ အခုလည်း မာမီက အစပ်တွေစားနေတာကို မြင်သွားတာကြောင့်ပြောလာတာဖြစ်သည်။

Doctor  Husband (Complete)Kde žijí příběhy. Začni objevovat