အပိုင်း(3)U/Z

50.2K 2.1K 28
                                    

နှိုင်းနိုးလာတော့ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။ ညကတော်တော်နဲ့မပြီးဆုံးနိုင်သူကြောင့် သူခုထိမထနိုင်သေး ။

ထိုကောင်လေးကျားပေါက်လေးမဟုတ်ပဲကျားကြီးမှန်း နှိုင်းအမှန်တစ်ကယ်သိသွားခဲ့ရပြီ။ တော်ပါတော့ဆိုလဲမရ ။ သူငိုမှရပ်ပေးသည်။ ဒါတောင်သူကပြောသေးသည်။

"ခင်များ ယောကျာ်းငယ်ငယ်လေးယူထားပြီ ဒီလောက်တော့ခံနိုင်ရမှာပေါ့ ။ တစ်ခါထဲနဲ့တင်းတိမ်ရအောင် ကျုပ်ကိုခင်များလို အဖိုးကြီးထင်နေလား "တဲ့

နှိုင်းဆက်အိပ်နေလို့ အဆင်မပြေတော့။ ဆေးရုံကလဲသွားရအုံးမှာမို့ သူ့ဖက်ထားတဲ့ကြားကရူန်းထွက်လိုက်သည်။ ရေမိုးချိုးကာ ထွက်လာတဲ့ထိ သကောင့်သားလေးကမနိုးသေး ။သူလဲမနိုးတော့ပဲအောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။

မနက်စာစားရန်မီးဖိုထဲ၀င်လာတော့ ညိုသွယ်နဲ့ဥမ္မာက မနက်စာပင်ပြင်ပြီးနေပြီမို့ သူအားနာသွားရသည်။

"အစ်ကို ဘာလုပ်ကူပေးရအုံးမလဲ "

"ရပြီကိုကြီး အင်္ကျီတွေအနံစွဲကုန်လိမ့်မယ် ထိုင် ထိုင် မနက်စာ စားလိုက်တော့"

"ရတယ် အစ်ကို၀ိုင်းလုပ်ပေးချင်လို့ ညီမလေးတို့ တစ်ခြားဟာလုပ်လိုက်လေ "

"ဟုတ်အဲ့ဒါဆို သွားလုပ်လိုက်မယ်နော် "

"အွန်း "

နိူင်း မီးဖိုကိစ္စများ ကူနေစစဥ် မာမီကဆင်းလာခဲ့သည်။

မြတ် မီးဖိုးထဲ၀င်လာစဥ် သားနိူင်းတစ်ယောက် အလုပ်တွေကူလုပ်နေတာမြင်တော့ အံသြသွားရသည်။

"သားနှိုင်း အစောကြီးနိုးနေတာလား "

"ဟုတ်မာမီ "

"ဟိုကောင်ရော မနိုးသေးဘူးလား "

"သား နိုးလာတော့ သူအိပ်နေတုန်းမို့ မနိုးခဲ့ဘူး မာမီ"

"ဆေးရုံသွားရင်သူလိုက်ပို့ရမှာကို အခုသွားနိုးလိုက် "

"ဟို..."

နှိုင်း သွားမနိုးချင် တော်ကြာ အော်လိုက်မှဖြင့်။

"ကဲ မာမီဆက်လုပ်လိုက်မယ် သွားနိုးလိုက်သွား "

Doctor  Husband (Complete)Where stories live. Discover now