ရှုးချောင်ယွီ သူ့ကိုယ်သူ အခွင့်အရေးတစ်ကြိမ်လောက်တော့ပထမဆုံးနဲ့နောက်ဆုံးအကြိမ်အဖြစ်ပေးချင်မိသည်။
သူတစ်ခါမှ သူ့ကိုယ်သူ သူ့အတန်းဖော်တွေနဲ့ပရော်ဖက်ဆာတွေပြောသလိုမျိုး ပြည့်စုံပြီးထူးခြားတဲ့ omega တစ်ယောက်လို့မထင်မိဘူး။ အဲ့ဒီ့လို " နတ်ဘုရား ရှု " နဲ့ တခြား သူ့ကိုပေးထားတဲ့ ဂုဏ်ပုဒ်တွေက တကယ်တော့ စာသင်ချိန်ပြင်ပမှာ သူ့ရဲ့ ကို့ရို့ကားယားနိုင်မှုတွေ သူရဲဘောကြောင်တာ အပြောအဆိုမတတ်တာတွေကို ကာကွယ်ထားရုံသက်သက်ပင်။
ရှုးချောင်ယွီအမြဲ သူ့ကိုယ်သူသံယဝင်မိသည်။ ရုပ်ပိုင်းဆိုင်ရာအသွအပြင်ကိုသာဖယ်ထားရင် သူကဘယ်နေရာကများ Omega တစ်ယောက်နဲ့တူနေလို့လဲ။
သူဘယ်လို ကလူ၏မြူ၏လုပ်ရမယ်ဆိုတာလည်းမသိဘူး။ ဘယ်လို ချစ်ခင်နှစ်သက်တာကိုပြရမလဲလည်းမသိဘူး ဘယ်လို ရိုမန့်တစ်ဆန်ရမလဲတောင်သူမသိဘူး။ သူ့ pheromone တွေက အားနည်းတဲ့အပြင် လူတွေက တစ်ခါမှသူ့ကို ချိုမြိန်တယ် မဟုတ်ရင် ဆွဲဆောင်မှုရှိတယ်လို့လည်းမမြင်ကြဘူးလေ။ omega တစ်ယောက်ရဲ့ နှစ်လိုဖွယ်ကောင်းတာတွေပြတတ်တဲ့အသက်အရွယ်မှာလည်း သူက သူ့ကိုယ်သူ ဆင်ခြင်မှုအပြည့်နဲ့ စိတ်မဝင်စားသလိုမျိုး အဆက်ဖြတ်ထားပြီး လူတွေနဲ့ တတ်နိုင်သမျှခပ်ကင်းကင်းနေခဲ့တာ။
သူကြိုက်နေတဲ့လူကိုတောင်မှပေါ့။
အဲ့အကြောင်းကိုပြောရရင် ရှုးချောင်ယွီ တော်တော်ရယ်ဖို့ကောင်းခဲ့တာပဲလို့တွေးမိသည်။ သူငယ်ငယ်တုန်းက မြင်မြင်ချင်းအချစ်နဲ့ပတ်သတ်တဲ့ drama တွေ TV မှာလာတာမြင်ရင် ဘေးမှာထိုင်ပြီး အဲ့လိုစိတ်ကူးယဉ်ဆန်တဲ့ပတ်သတ်ပြီး သူထိုင်လှောင်ခဲ့ဖူးတာ။ဒါပေမဲ့ တကယ်တမ်း သူကြုံလာတဲ့အခါမှာတော့ အဲ့ဒီ့အရာက ငလျင်တွေ ဆူနာမီတွေထပ်တောင် ခုခံဖို့ခက်ခဲတဲ့ အရမ်းအားကောင်းတဲ့တွန်းအားပေးမှုတစ်ခုဆိုတာကို သူလက်ခံရလေသည်။
အဲ့အဖြစ်အပျက်က စီနီယာနှစ်တွေရဲ့ ဘွဲ့ယူတဲ့အခမ်းအနားမှာဖြစ်ခဲ့တာဖြစ်ခဲ့တာပင်။ထူးချွန်ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်စား စင်မြင့်ထက်မှာပြောဖို့အတွက်ဖိတ်ခေါ်ခံခဲ့ရသည်။ ပရောဂျက်ပြီးအောင်လုပ်ဖို့အတွက် ရက်ပေါင်းများစွာ ညမအိပ်ဘဲနေခဲ့ရတဲ့အတွက် သူ့မျက်လုံးတွေအောက်မှာ မျက်ကွင်းရာကြီးထင်းနေပြီ။ လှေကားတတိယအထစ်ကိုရောက်တဲ့အခါမှာတော့ သူစင်ပေါ်ကနေပြုတ်ကျသွားပြီး သန်မာပြီးနွေးထွေးတဲ့ပွေ့ဖက်မှုအတွင်းသို့ကျရောက်သွားခဲ့၏။
YOU ARE READING
I'm not My Husband Ideal Type
RomanceName : I'm not My husband's Ideal Type Author : 三坛海烩藕粉 ( Sān tán hǎi huì ǒufěn ) Status in COO : 20 chapters + 3 extras Mm translator : MeowMeow's not yours It's not my work, just fan translation. It's my first time translation work.so it may have...