Chapter 2.1

913 148 10
                                    

အပိုင်း ( ၂ )  : လူတစ်ယောက်ထဲကနေ လူနှစ်ယောက်လိုပြုမူနိုင်တယ်။

' နန်ဖင် ညနေခင်းဆည်းဆာ '

ယွင်ချန်မြို့ရဲ့ မြစ်ကမ်းဘေးမှာတည်ရှိတဲ့ အဆင့်မြင့်သီးသန့်စားသောက်ဆိုင်။

ဆိုင်အပြင်အဆင်ကကောင်းပြီးတော့ အမွှေးနံ့လေးကလည်းသင်းနေလေ၏။ စင်္ကြလမ်းကအကွေ့အကောက်တွေနဲ့ အခန်းတွေကိုဆက်သွယ်ပေးထားသည်။ ရံဖန်ရံခါ တခြားအခန်းတွေကလည်း သစ်သားတံခါးတစ်ဝက်ကာထားတဲ့အခန်းတွေဆီကနေ လက်ဆတ်မှုအပြည့်နဲ့ ရယ်မောသံတွေက ထွက်ပေါ်လာတတ်သေးသည်။

ရှုးချောင်ယွီ အခန်းတစ်ခန်းမှာထိုင်နေပြီး blind date အတွက်တစ်ဖက်လူရောက်လာမှာကိုကြိုစောင့်နေ၏။

ဒါက စာသင်ခန်းထဲမှာ ထောင်ပေါင်းများစွာသောကျောင်းသားတွေရှေ့မှောက် တည်တည်ငြိမ်ငြိမ်နဲ့စကားအပြောကောင်းတဲ့ ဆရာရှုးပဲ ဆိုပေမဲ့ အခုအခါမှာတော့ သူကစိတ်လှုပ်ရှားနေပြီး နှလုံးခုန်သံတွေကလည်း အရိုင်းဆန်စွာခုန်ပေါက်နေမိပြီ။ သူ့လက်ဖဝါးတွေကလည်းချွေးဆက်တိုက်ထွက်နေလို့ သူ့အနေနဲ့ လက်ကိုင်ပဝါနဲ့ လက်ကို ခဏခဏသုတ်ပစ်နေရုံသာတတ်နိုင်သည်။

သူစိုးရိမ်နေတာကိုလည်းတကယ်က အပြစ်တင်လို့မရဘူး။ ဘယ်သူမဆို သူတို့ကြိတ်သဘောကျနေတဲ့လူနဲ့ blind date လုပ်ရမယ်ဆိုရင် အစစ်အမှန်မဟုတ်တဲ့ အိပ်မက်တစ်ခုလိုမျိုးခံစားနေရမှာပဲလေ။

ရှုးချောင်ယွီ အတွေးလွန်နေရာကနေ ရုတ်တရက်သတိရသွားပြီး သူ့ဖုန်းကို အလျင်အမြန် ဖွင့်ကြည့်လိုက်မိသည်။ သူ ဖုန်းကင်မရာထဲကနေတဆင့် သူပြင်ထားတာ အဆင်ပြေမပြေစစ်လိုက်၏။ မနေ့ညက သူကောင်းကောင်းအိပ်မပျော်ထားတာကြောင့် မျက်နှာကချောင်ကျနေလောက်လိမ့်မည်။

သူ့ရဲ့ကြည့်ကောင်းမှုတွေကို မထိခိုက်သွားဘူးဆိုတာသေချာမှ သူ့ကိုယ်သူနည်းနည်းရင်တုန်နေရာကနေလျော့ချလိုက်နိုင်တော့သည်။ အကြာကြီးထိုင်ထားရတာတောင့် အင်္ကျီပေါ်ကတွန့်နေတာတွေကိုလည်း သေသေသပ်သပ်ဖြစ်အောင်လည်း ပြင်လိုက်၏

ပြီးတော့ သူအချိန်ကိုကြည့်လိုက်မိသည်။ အဲ့တာက ချိန်းထားတဲ့အချိန်ထပ် နာရီဝက်လောက်လိုသေးသည်။

I'm not My Husband Ideal TypeWhere stories live. Discover now