Chapter 5.2

777 114 6
                                    

ဝန်ထမ်းတွေရဲ့လုပ်ရည်ကိုင်ရည်က အရမ်းကိုမြန်ဆန်လေ၏။ နောက်ဆုံးလုပ်ငန်းစဉ်ကို လုပ်ပြီးသွားတဲ့အခါမှာတော့ ချင်ကျစ်ရှစ်က အမှတ်တရဓာတ်ပုံရိုက်ထားရမှာမျိုးကို သဘောမကျချေ။ထို့ကြောင့် သူက မှတ်ပုံတင်စာအုပ်ကိုယူခဲ့ပြီး သူ့ဇနီးလေးနဲ့တူတူ အမျိုးသားလက်ထပ်မှတ်ပုံတင်ဌာနရုံးကနေ ထွက်လာခဲ့သည်။

သူက ကားကို ပါကင်ကနေမောင်းလာလိုက်ပြီး ရှုးချောင်ယွီကို ကားပေါ်တက်ဖို့နှိုးဆော်လိုက်သည်။

ရှုးချောင်ယွီ ဘေးကခုံမှာ တိတ်တဆိတ်ထိုင်နေရင်း သူ့အကြည့်တွေက အလိုလိုပင် ကားစတီယာရင်ဘီးဆီ ရောက်သွား၏။

အဲ့ဒီမှာ... alpha ရဲ့ ဘယ်ဘက်လက်က လစ်လပ်နေပေသည်။

ရှုးချောင်ယွီ ခုနက ဟောခန်းကို ဖြတ်တော့ စုံတွဲတစ်တွဲရဲ့စကားဝိုင်းတစ်ခု ကြားလိုက်ရသည်ကို ပြန်အမှတ်ရသွား၏။

" ယောက်ျား အဲ့ alpha က ထူးဆန်းတယ် သူ့ကို လောင်ရှစ် လို့ခေါ်တာကြားလိုက်တယ်"

" အဲ့တာက အခုခေတ်လူငယ်တွေရဲ့ အကြိုက်ဖြစ်ရင်ဖြစ်မှာပေါ့."

"Hmm... အဲ့လိုပုံစံနဲ့မတူဘူး သူတို့အချင်းချင်းရင်းနှီးကြတယ်လို့ မထင်မိဘူး ရှင်တွေ့လား အဲ့ alpha ရဲ့လက်မှာ လက်ထပ်လက်စွပ်ရှိမနေဘူး ဒါပေမဲ့ သူ့ဇနီးမှာက ရှိနေတယ်လေ "

" အာ အဲ့တာတော့ ဟုတ်တယ် ကြည့်ရတာ လက်ထပ်မှတ်ပုံတင်ရုံးက လူအစားထိုး လာပြီးလုပ်လို့ရပေးလို့ရနေသေးတာလားပဲ "

******

ရှုးချောင်ယွီ နောက်ထပ်ပြီး အဲ့စကားဝိုင်းကိုမကြားရတော့။ တကယ်တော့ သူဆက်ပြီးနားမထောင်ဝံ့တော့ခြင်းပင်။

သူ မနက်အစောကြီးထွက်လာကတည်းက ချင်ကျစ်ရှစ် လက်ထပ်လက်စွပ်ဝတ်မထားတာကို သတိထားမိပါ၏။ သို့သော် လက်ထပ်မှတ်ပုံတင်ရုံးက ဖြတ်သွားဖြတ်လာကပါ သတိထားမိမယ်ဟုမထင်ထားချေ။

ဒီတော့ သက်ဆိုင်နေတဲ့တစ်ယောက်တည်းသောသူဖြစ်တဲ့ ချင်ကျစ်ရှစ်ကပဲ မသိတတ်ဘဲ နားလည်မှုမရှိတာမျိုးလား

မဟုတ်ရင် သူ့နှလုံးသားထဲမှာ သူဘယ်အရာကိုမှ အလေးအနက်မရှိတာလား။

I'm not My Husband Ideal TypeWhere stories live. Discover now