Chapter 4.1

753 134 4
                                    

ပရော်ဖက်ဆာထောင်ကို သူ(မ)ကတိမတည်တဲ့အတွက်တောင်ကျေးဇူးတင်ရမလိုပင်။ သူ(မ) ခိုးကြောင်ခိုးဝှက်နဲ့ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ စကားဝိုင်းကိုချောင်းကြည့်လိုက်ပြီး ချင်ကျစ်ရှစ် တစ်ခုခုမှားမပြောခင်လေးမှာ သူ့ခေါင်းကိုရိုက်ချလိုက်လေ၏။

“ ချင်ကျစ်ရှစ် !  မင်းဘာအဓိပ္ပါယ်မရှိတာတွေကိုပြောနေတာလဲ ! ”

ထောင်နျဉ်ရုန်အလွန်ကိုဒေါသထွက်နေကာ ဖုန်းကိုယူလိုက်ပြီး 'အသက်တိုမယ် ' ဆိုတဲ့စာလုံးကို ပြန်ရုတ်သိမ်းပစ်ချင်နေမိသည်။ ဒါပေမဲ့ ၂မိနစ်ကျော်ကြာပြီးနေပြီမလို့ ပြန်ဖျတ်ပစ်ဖို့က မဖြစ်နိုင်တော့ချေ။

သူမအသက်၁၀နှစ်လောက်ပိုပြီး အိုစာသွားသလိုပင်။

“ တကယ်ကိုမျှော်လင့်ချက်မဲ့နေပြီ မျှော်လင့်ချက်ကိုမရှိတာ လောင်ချင် ကျွန်မတို့ သေတဲ့အထိ မြေးချီဖို့က မဖြစ်နိုင်တော့ဘူးထင်တယ် ”

ချင်ရှန်းချန် သူ(မ)ရဲ့ကျောပြင်ကို ဖွဖွပုတ်ကာနှစ်သိမ့်ပေးလာ၏။ , “ မဟုတ်ပါဘူး ကျစ်ရှစ်က ခုထိငယ်သေးတယ်လေ”

ထောင်နျဉ်ရုန်က သူ့ရဲ့ အင်္ကျီလက်ကို ပြန်ဆုပ်ကိုင်လာပြီး , “ ကျွန်မတို့အခုခ်ိန္ အငယ်လေးတစ်ယောက်မွေးဖို့က နောက်ကျနေလောက်လား”

သူ့အရှေ့မှာတင် မိဘတွေက ဒုတိယမြောက်ကလေးယူမယ့်အကြောင်းပြောနေကြချိန်မှာတော့ Alpha တစ်ယောက်ရဲ့ ယှဉ်ပြိုင်လိုစိတ်တွေက အလိုလိုပင် နိုးထလာလေရဲ့။

ချင်ကျစ်ရှစ် , “?”  တစ်စိတ်လောက် ကျွန်တော်သေသွားပြီထင်နေတာလား?

သူ ချက်ချင်းကို ရဲရဲတင်းတင်းပြောလိုက်၏။
“ ဆက်ဆံရေးလေးတစ်ခုထဲမလား ကျွန်တော်လုပ်နိုင်တယ် ဘာလို့မလုပ်နိုင်ရမှာလဲ ”

ထောင်နျဉ်ရုန် စက္ကန့်ပိုင်းအတွင်းမှာတင် သူ(မ)မျက်နှာပြန်ပြောင်းသွားပြီးတော့ ပျော်ရွှင်စွာနဲ့ လက်ခုပ်တီးလိုက်သည်။ , “ ဒီဟာကို မင်းအရင်စပြောလာတာနော် ဟား ”

“ ဒါပေမဲ့ အဆင်ပြေပါ့မယ်လို့တော့ အလုပ်ဖြစ်မဖြစ်အာမမခံဘူးနော် ”

I'm not My Husband Ideal TypeWhere stories live. Discover now