Chapter 3.2

740 135 18
                                    

ပျော်ရွှင်နေတဲ့အသံနဲ့အတူတူ လက်ခုပ်သံကလည်း ဧည့်ခန်းထဲမှာ ပဲ့တင်သံထပ်နေသည်။

“ အဆင်ပြေပြီ အဆင်ပြေပြီ အခွင့်အရေးတစ်ခုရှိသေးတယ် !”

ထောင်နျဉ်ရုန် ချင်ရှန်းချန်ဘေးမှာ ဝင်ထိုင်လာကာ ခုနကပြောထားတဲ့ chat ကို ပြလိုက်ပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလာလေသည်။

“ အိုက်ယိုး လောင်ချင် ရှင်မြင်လား ရှောင်ရှုး သဘောတူလိုက်ပြီ ဘယ်လိုတောင် ညှာတာထောက်ထားတတ်တဲ့ကလေးလဲ .”

ချင်ရှန်းချန် သူ့ဖုန်းကိုယူလိုက်ကာ အောက်ဆွဲဖတ်နေပြီး ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ပြုံးနေ၏။ ရှုးချောင်ယွီဆိုတဲ့ လူငယ်လေးကို သူ့မိန်းမပြောပြလို့ ခဏခဏကြားဖူးနေကျ။ သူ့ဆောင်းပါးအချို့ကိုလည်း ဖတ်ဖူးတာမို့ အဲ့ကလေးနဲ့ပတ်သတ်ရင် သူ့စိတ်ထဲ သဘောကျပြီး အသိအမှတ်ပြုထားပြီးသားပင်။

“ အား လောင်ချင် ကျွန်မတို့ မကြာခင် မြေးချီရတော့မှာပဲ”

ချင်ရှန်းချန် လက်ချောင်းတွေနဲ့ထောက်ထားမိပြီး သူမကိုကူကယ်ရာမဲ့စွာကြည့်လိုက်ရင်း , “ ဘယ်လိုတောင် မင်းအများကြီးတွေတွေးနေတာလဲကွာ ”

ထောင်နျဉ်ရုန်ဂရုမစိုက်ပေ။ သူ(မ) ခေါင်းလှည့်လိုက်ကာ ဒုတိယထပ်ကိုအော်ခေါ်လိုက်လေ၏။

“ ချင်ကျစ်ရှစ် ဒီကို မြန်မြန်လာထိုင်စမ်း ”
.
သုံးမိနစ်လောက်ကြာပြီးနောက် ချင်ကျစ်ရှစ်အောက်ထပ်ကို ဆင်းလာလိုက်ပြီး ဆိုဖာပေါ်မှာ လာထိုင်လေသည်။ အံအားသင့်ဆွံ့အမှုတွေအပြည့်နဲ့ပေါ့။

" မြန်မြန် ! ငါမင်းကို ဆရာရှောင်ရှုးရဲ့ wechat acc ပို့ထားပေးတယ် မင်းတို့နှစ်ယောက်မြန်မြန်စကားပြောကြည့်သင့်တယ် သံကို ပူတုန်းမှာ ရသလောက်ပုံသွင်းထားရမယ်လေ"

ချင်ကျစ်ရှစ် စိတ်မပါလက်မပါနဲ့ ငြင်းဆန်လာ၏။ “ မား ကျွန်တော်သူနဲ့တူတူစကားမပြောချင်ဘူး ”

သူတို့အချင်းချင်းဆုံကြရင်တောင်မှ စကားအနည်းငယ်လောက် ဖလှယ်ပြောလို့ရသေးပေမဲ့ အွန်လိုင်းကနေစကားပြောမယ်ဆိုရင်တော့ အဲ့တာက နှစ်ယောက်လုံးကို နေရခက်စေမှာတစ်ခုထဲပင်ရှိလေသည်။

I'm not My Husband Ideal TypeWhere stories live. Discover now