Chapter 5.1

877 131 2
                                    

ချင်ကျစ်ရှစ် မိုးလင်းတဲ့အထိ စိတ်ဖိစီးမှုမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်။

နှိုးစက်က ၇နာရီမှာ မြည်လာခဲ့ပြီး သူအိပ်ရာပေါ်မှာ အကြာကြီး မှင်သေသနဲ့ ထထိုင်နေမိ၏။ မနေ့က သူ့ရဲ့ လူပျိုဘဝလေးကို သူနှုတ်ဆက်ခဲ့ရမှန်း သူသတိမရသေးခင်အထိပေါ့။

တစ်ချိန်ထဲမှာပဲ သူ့ဇနီးအသစ်လေးနဲ့ပတ်သတ်ပြီး သူနည်းနည်းတော့စိတ်ပူမိသွားသည်။

မနေ့က သူ့ကို အဲ့လိုမျိုးထားခဲ့လိုက်တာ မကောင်းလောက်ဘူးမလား?

ချင်ကျစ်ရှစ်နည်းနည်း အပြစ်မကင်းခံစားလာရ၏။ သူဧည့်သည်နေတဲ့အခန်းကနေ ထွက်ထွက်ချင်း ပင်မအိပ်ခန်းဆီ အရင်လာခဲ့ပေမဲ့ အခန်းထဲမှာ ဘယ်သူမှရှိမနေတာကိုပဲ သူတွေ့ရလေသည်။

သူအမြန်လှည့်လိုက်ကာ လှေကားကနေ အောက်ထပ်ဆီဆင်းလာလိုက်၏။

အောက်ထပ်က မီးဖိုချောင်ထဲမှာ ရှုးချောင်ယွီ ကြွေပန်းကန်တစ်လုံးကို စားပွဲပေါ်တင်လိုက်ရင်း လှုပ်ရှားမှုကိုကြားတာကြောင့် ဒုတိယထပ်ကိုမော့ကြည့်လာ၏။

“ နိုးလာပြီလား ဒီကိုလာပြီး စားလိုက်လေ ”

မနက်ခင်းရဲ့နေရောင်ခြည်ဖျော့ဖျော့အောက်မှာ အဖြူရောင်ဖျော့ဖျော့အိမ်နေရင်းအဝတ်အစားကို ဝတ်ထားတဲ့ omega လေးက ထမင်းစားပွဲဘေးမှာ ရပ်နေပြီး ပြုံးကြည့်ကာ နူးနူးညံ့ညံ့နဲ့ သူ့ကိုခေါ်လာလေသည်။

လှပလွန်းတဲ့ ရုပ်ငြိမ်ဓာတ်ပုံလေးတစ်ပုံလိုပဲ လှပပြီးတော့ ထိရှလွယ်လွန်းတယ်

ချင်ကျစ်ရှစ် ထိုနေရာမှာတင်ရပ်နေမိပြီး သူ့အသက်ရှုသံတွေက ပိုလေးလံလာလေသည်။

သူယိုင်သွားပြီး လက်ရန်းကို ထောက်ထားမိလိုက်ကာ လှေကားကို ဖြေးဖြေးချင်းဆင်းလာ၏။

သူပထမဆုံးပြောလိုက်တဲ့စကားက

“ ဘာလို့ ကိုယ့်ဘာသာကိုယ်မနက်စာပြင်ထားတာလဲ ”

ဒါက သွယ်ဝိုက်ပြောရရင် အကယ်လို့ ခင်ဗျားမထခဲ့ရင် ကျွန်တော်လည်း ဒီလိုလုပ်ရမှာပေါ့ !

I'm not My Husband Ideal TypeWhere stories live. Discover now