Chapter 2.2

800 144 7
                                    

ထိုအချိန်မှာပဲ ဒီလိုဖော်ပြတာကို ကြားလိုက်ရတဲ့ခဏမှာ ရှုးချောင်ယွီ မူးမေ့သွားသလိုပင်။

ဒီတော့....သူ  သူ့ကိုပြန်မကြိုက်တာက ဆွဲဆောင်မှုမရှိတဲ့အပြင် မရင့်ကျက်လို့ပေါ့ ?

ရှုးချောင်ယွီ ဘာကြောင့် သူဒီလို ဝတ်စုံဝတ်လာတာလဲကို သူ့စိတ်ထဲမှာ သိနေပေမယ့်လည်း အခုလို ပါးပါးနပ်နပ်နဲ့ထောက်ပြခံလိုက်ရတော့ ဝမ်းနည်းနေမိတုန်းပဲ။

သူ့ကို ဘယ်သူမှလည်း ဒီလို ဝတ်တာမျိုးက နေရာတိုင်းနဲ့မသင့်တော်ဘူးလို့ မပြောပြကြဘူးလေ။

ချင်ကျစ်ရှစ် ထပ်ပြီးခေါင်းမော့ကြည့်လိုက်တဲ့အခါမှာ မြင်လိုက်ရတဲ့ Omega လေးရဲ့စိတ်ပျက်အားလျော့နေတဲ့ပုံစံကြောင့် သူစိုးရိမ်မိသွားပြန်သည်။

သူတစ်ခုခုထပ်ပြီးမှားပြောလိုက်မိပြန်တာလား ?

ချင်ကျစ်ရှစ် ပိုပိုပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူတို့တွေ့ကြတာ ငါးမိနစ်လောက်ပဲရှိသေးတာလေ။

အဲ့ကြောင့် သူ menu ကိုယူလိုက်ပြီး ပြုံးလိုက်ကာ အကြောင်းအရာပြောင်းဖို့စကားစလိုက်၏။ " စီနီယာ ဘယ်လိုဟာမျိုးစားရတာကြိုက်လဲ "

ရှုးချောင်ယွီ ညင်သာစွာပြန်ဖြေပေးလာ၏။

" ဘာဖြစ်ဖြစ်အဆင်ပြေပါတယ် "

ချင်ကျစ်ရှစ် : , “…”

ပြန်ထပ်ပြီး စကားနှစ်လုံးပဲပြောပြန်ပြီ။

ကံကောင်းထောက်မစွာနဲ့ ဒီသီးသန့်စားသောက်ဆိုင်ကာ ယန်ဇီမြစ်တောင်ဘက်ပိုင်းဒေသက ဟင်းလျာတွေကို အသားပေးထားတဲ့ဆိုင်ဖြစ်တာမလို့ သိပ်ပြီး အများကြီးတွေးရွေးစရာမလိုနေတာပဲ။ ခြုံပြောရရင် နင်းမိစရာ ဗုံးတွေမရှိဘူး။ မှာထားတဲ့အစားအသောက်တွေကိုစောင့်နေရင် ချင်ကျစ်ရှစ်တစ်ယောက် တစ်ဖက်လူနဲ့စကားပြောဖို့အကြိမ်ကြိမ်ကြိုးစားနေမိသည်။

“ စီနီယာ အမြဲတမ်းအလုပ်ရှုပ်နေတတ်တာလား ”

“ အဲ့တာကအဆင်ပြေပါတယ် ”

“ဟားဟား ကျွန်တော် ရောက်လာတုန်းက စီနီယာ တစ်ခုခုလုပ်နေတာတွေ့တယ် အဲ့တာအလုပ်လား ”

I'm not My Husband Ideal TypeWhere stories live. Discover now