Chapter 5.3

1K 134 8
                                    

ချင်ကျစ်ရှစ် အဲ့နေ့ကဖြစ်ခဲ့တဲ့ အလွဲလွဲအချော်ချော်တွေက Pheromone တွေကြောင့် ထပ်သက်ရောက်ခံလိုက်ရတာလို့ အခိုင်အမာယုံကြည်လေသည်။

ကြည့်ရတာ အဲ့ကောက်ညှင်းဆန်နံ့လေးက သူ့ကို ကသိကအောက်ဖြစ်အောင်လုပ်နေတာပဲ!

သူသိသိသာသာကိုပင် အာရုံစိုက်နေမိပြီး နောက်တစ်ပတ်လုံး ရှုးချောင်ယွီနဲ့အတူတူအချိန်အကြာကြီးမကုန်ဆုံးမိဖို့အတွက် ရှောင်ပုန်းနေခဲ့၏။

အလုပ်က အကောင်းဆုံးဆင်ခြေပဲ။ အမှန်တော့ သူက တကယ်ကိုအလုပ်များနေခဲ့၏။ပြီးတဲ့အပတ်က သူရုတ်တရက်ကြီးလုပ်လိုက်ရတဲ့ လက်ထပ်ပွဲကြောင့် သူ့မှာ ပျက်ကွက်ထားခဲ့ရတဲ့ လုပ်စရာကိစ္စတွေအများကြီးပုံနေသည်ပင်။

သို့သော် အရင်တုန်းကလို ပင်ပင်ပန်းပန်း အချိန်ပိုဆင်းရတဲ့ဘဝနဲ့မတူညီစွာပဲ အလုပ်ချိန်ပြင်ပမှာတော့ သူ့ဘဝက သိသိသာသာနေရာတိုင်းတွင် သက်တောင့်သက်သာခံစားနေရ၏။

ဥပမာပြောရရင် နေ့တိုင်း သူဝတ်ဖို့အဝတ်က မညဖက်ထဲက မီးပူသပ်သပ်ရပ်ရပ်တိုက်ထားပြီးသားဖြစ်ပြီး ဗီဒိုထဲမှာ ချိတ်ထားပြီးသား။ မနက်တိုင်း သူအိပ်ချင်မူးတူးနဲ့ထလာတဲ့အခါတိုင်းမှာလည်း စားပွဲပေါ်မှာ ပူပူနွေးနွေးမနက်စာနဲ့ လက်လက်ဆတ်ဆတ်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်က အသင့်။ ညဖက် ၉နာရီ သူအိမ်ပြန်လာတဲ့အချိန်တိုင်းမှာလည်း သူအမြဲ နွေးထွေးတဲ့အဝါရောင်မီးအလင်းရောင်နဲ့ ညအစာပြေတွေက ထပ်ခါထပ်ခါ မပြောင်းလဲဘဲ အမြဲကြိုဆိုနေမှာပင်။

ရှုးချောင်ယွီ မနက်ဘက်အတန်းချိန်မရှိတဲ့အခါမျိုးတွေမှာလည်း သူက ကုမ္ပဏီ ကိုရောက်လာပြီး သူ့ဖို့ နေ့လည်စာထမင်းဘူးတွေ ပို့ပေးလာအုန်းမှာပင်။သူက စိတ်အနှောက်အယှက်ပေးဖို့မကြိုးစားဘဲ ကုမ္ပဏီအောက်က အရှေ့စားပွဲမှာတင်ထားခဲ့ပြီး  သူ့ကို လာဆင်းယူဖို့အတွက် wechat ကနေ အသိပေးစာတစ်စောင်သာပို့ပေး၏။

ဒါတွေကြောင့် ကုမ္မဏီမှာရှိတဲ့ လူပျိုကြီးများက တစ်ခါတစ်လေ သူ့ကို မျက်လုံးနီများနဲ့ စိုက်ကြည့်ပြီး သူ့နေ့လည်စာထမင်းဘူးထဲက အသားတစ်ဖတ်ကို နှိုက်ဖို့ အသည်းအသန်ကြိုးစားလာကြတော့၏။

You've reached the end of published parts.

⏰ Last updated: Oct 03, 2023 ⏰

Add this story to your Library to get notified about new parts!

I'm not My Husband Ideal TypeWhere stories live. Discover now