Description

5.9K 343 20
                                    

{ Unicode }


ချီလဲ့ အိပ်မက်တစ်ခု မက်ခဲ့တယ်။ အိပ်မက်ထဲမှာ သူသည် သူရဲ့ ပြိုင်ဘက်နှင့် အတူ အိပ်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးတွင် Alpha ရဲ့ဖယ်ရိုမုန်းရနံ့အပြည့်ရှိနေပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသော မင်္ဂလာဓာတ်ပုံတစ်ပုံကိုချိတ်ဆွဲထားတယ်။

အိပ်ရာက နိုးလာပြီးနောက် သူ့နဖူးမှ ချွေးအေးတွေကို သုတ်လိုက်ပြီး သူနှင့် သူရဲ့ပြိုင်ဘက် အနာဂတ်တွင် လက်ထပ်မည့်အချက်ကို လက်ခံလိုက်ရတယ်။

ချီလဲ့သည် Alpha အဖြစ်ခွဲခြားခံရဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်။ ရှန်းကျိုးကို ချောမောလှပတဲ့သူရဲ့ဇနီးလေး ဖြစ်လာစေရန် မျှော်လင့်ပြီး နွားနို့နွေးနွေးလေးတစ်ခွက် နေစဉ်ပေးပို့ခဲ့တယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ရှန်းကျိုးက Alphaတစ်ယောက်ဖြစ်နေတာကိုသိလိုက်ရတယ်။

အမှန်အတိုင်းသိိလိုက်ရတဲ့အချိန်...

ချီလဲ့ : "မင်းရဲ့အစ်ကိုကြီးတစ်ယောက်ဖြစ်ချင်လို့ ငါ မင်းကို ကောင်းကောင်းဆက်ဆံတယ်လို့ပြောရင် မင်းငါ့ကိုယုံမှာလား။

Rutဖြစ်နေတဲ့အချိန်မှာ ရှန်းကျိုးက ချီလဲ့ရဲ့ လည်ပင်းနောက်ဘက်ကို အမြဲလိုလို မီးတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေတယ်

ချီလဲ့ က သက်ပြင်းချရင်း "မင်း ငါ့ကို စိုက်ကြည့်လည်း အသုံးမဝင်ဘူး၊ ငါက Alpha တစ်ယောက်ဖြစ်လာမှာ၊ ငါတို့နှစ်ယောက်က Alpha x Alpha ပဲဖြစ်နိုင်မှာ။"

ရှန်းကျိုးက သူ့ကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်ပြီး
"ကျွန်တော် ဂရုမစိုက်ပါဘူး" လို့ဆိုကာ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တယ်။

ချီလဲ့ : "..." Rutကာလက Alphaတွေဟာ တကယ့်ကို ရက်စက်တယ်။

ချီလဲ့က Alpha အဖြစ်ခွဲခြားခံရမည်ဟု ထင်သောကြောင့် ရှန်းကျိုး ကို ကြိုတင်အမှတ်အသားပြုရန် အပြည့်အ၀ ပြင်ဆင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူသည် Omaga အဖြစ်ကွဲပြားသွားခဲ့တယ်။ ရှန်းကျိုးက သူ၏လည်ပင်းနောက်ဘက်အား ပေါ့ပေါ့ပါးပါး နမ်းလိုက်ပြီး တမင်တကာ နောက်ပြောင်လိုက်တယ်

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now