Ch-5

904 200 11
                                    

Unicode

မနက်ရောက်တော့ ချီလဲ့ တော်ဖီတွေအစား အသီးအရသာ သကြားလုံးတစ်ထုပ်လုံးကို ကျောင်းယူသွားခဲ့သည်။ သကြားလုံး ပါးတစ်ဖက်တစ်လုံးစီ ငုံပြီး သကြားလုံးအခွံတွေ ပွတ်တိုက်သံတွေထွက်လာတဲ့အထိ ရှန်းကျိုးမြင်အောင် အိတ်ကို လှုပ်ပြလိုက်သည်။

ရှန်းကျိုးက ချီလဲ့ရဲ့ ပါးစုန့်ဖောင်းဖောင်းတွေကို ကြည့်ပြီး နားမလည်နိုင်စွာ အဲ့တာတွေကို ထိချင်လာသည်။ အဲ့ ပါးပြင်နုနုတွေကို ဆွဲညှစ်ပစ်လိုက်ချင်တယ် လို့တွေးရင်း စိုက်ကြည့်နေလိုက်သည်။
' အဲ့တာတွေက သိပ်ညှစ်လို့ကောင်းမှာပဲ '

ချီလဲ့က ရှန်းကျိုးစိုက်ကြည့်နေတာကိုကြည့်ကာ သူ့ကိုဘယ်လိုကလဲ့စားပြန်ချေရမလဲ တွေးနေတယ်လို့ထင်ပြီး လန့်သွားသည်။အဲ့တာကြောင့် မျက်နှာချိုသွေးဖို့ သူ့အိတ်ကပ်ထဲက သူ့အကြိုက်ဆုံးအရသာ ချိုချဉ်တွေကို ရှန်းကျိုးရဲ့စားပွဲပေါ်ကိုပစ်တင်ပေးလိုက်တယ်။

" လူကြီးမင်းကျိုး၊ စားပါဦး "

ရှန်းကျိုးက ချီလဲ့ရဲ့ မျက်ခုံးနားတစ်ဝိုက်ကို ခဏစိုက်ကြည့်နေပြီးတော့ ချီလဲ့ပေးတဲ့ ချိုချဉ်ကို အခွံခွာပြီး ပါးစပ်ထဲပစ်ထည့်လိုက်တယ်။

ချီလဲ့ : ကျစ်
တိုးတိုးလေး အသံထွက်လာတယ်။

ဒီလူက သူပေးတဲ့သကြားလုံးကို ကျေးဇူးတင်စကားတစ်ခွန်းတောင် မပြောပဲစားပစ်တယ်။ ပြီးတော့ နောက်နှစ်လုံးကိုလည်းယူသွားသေးတယ်။(t.n/ သူပဲကျွေးပြီးတော့ လဲ့လဲ့ရယ်)

ထားလိုက်ပါလေ။ သခင်လေးချီကပဲ သဘောထားကြီးပေးလိုက်ပါ့မယ်။

ရှန်းကျိုး သူပေးတဲ့ချိုချဉ်ကို စားနေတာကို ကြည့်ပြီး မပြောပြနိုင်တဲ့ ကြည်နူးမှု့လေး ရင်ထဲမှာ ဖြစ်ပေါ်လာပြီး သူ့ကိုယ်သူတောင်မသိလိုက်ပဲ ပြုံးမိသွားတယ်။

ချန်ယွင်ကျိုးက ရှန်းကျိုးကိုကြည့်ပြီး လက်ကိုချီလဲ့ဆီ ဆန့်ထုတ်ပေးလိုက်တယ်။

" ငါလည်းစားချင်တယ် "

သဘောထားကြီးလွန်းတဲ့ သခင်လေးချီက သူ့ကိုတစ်ချက်ကြည့်ပြီး ဘာမှမကြားခဲ့သလို အရှေ့ကိုပြန်လှည့်လိုက်သည်။

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now