Ch-7

913 191 5
                                    

{ Unicode }

ဖန့်ယွိနျန် နဲ့ ကျန်းချန်က တစ်ယောက်နဲ့တစ်ယောက် အလျော့ပေးဖို့ငြင်းဆန်နေခဲ့ကြသည်။ သူတို့လက်ပါတော့မယ့်အချိန်မှာ ချန်ယွင်ကျိုးက အလယ်မှာဝင်ရပ်လိုက်ပြီး အမြန်တားလိုက်သည်။ ဘေးကကြည့်နေတဲ့ကျောင်းသားတွေက သူတို့ကြားဝင်မပါရဲကြပေ။

ဖန့်ယွိနျန်နဲ့ ကျန်းချန် ကြီးကြီးမားမား ဘာမှမလုပ်ရသေးခင်မှာပဲရှန်ူကျိုးနဲ့ချီလဲ့တို့ နှစ်ယောက်သားက တံခါးနားက ဆူဆူညံညံအသံတွေကြောင့် နိုးလာကြသည်။ အကိုကြီးနှစ်ယောက်ထလာတာကို မြင်တော့ ချန်ယွင်ကျိုးတစ်ယောက်ပျော်လွန်းလို့ ငိုမိတော့မလိုပဲ။

ချီလဲ့က ထလာပြီးသူခေါင်းကိုဖွကာ ရန်ဖြစ်နေတဲ့နှစ်ယောက်ကိုကြည့်ပြီး " မနက်စောစော အားကစားလုပ်နေကြတာလား "

ကျန်းချန် : "..."

ဖန့်ယွိနျန် : "..."

နှစ်ယောက်လုံးစိတ်လျော့လိုက်ကြပြီး ဟွန်းလို့ အသံပြုကာ ခေါင်းကို ဆတ်ခနဲလှည့်လိုက်ကြသည်။ရှန်းကျိူက ချီလဲ့နောက်ကထွက်လာပြီး သူတို့ကိုလျစ်လျူရှုကာ ချန်ယွင်ကျိုးပုခုံးကိုပုတ်၍

" ငါ့ကို စားပွဲနဲ့ကုလားထိုင်တွေနေရာကူချပေး ငါမျက်နှာသွားသစ်ဦးမယ်"

ချန်ယွင်ကျိုးက ခေါင်းညိတ်လိုက်ပြီး ဖန့်ယွိနျန်နဲ့ ကျန်းချန်ကိုတစ်ချက်ကြည့်ကာ လျစ်လျူရှုလိုက်သည်။ အတန်းထဲဝင်ကာ စားပွဲနဲ့ကုလားထိုင်တွေကို နေရာပြန်ချနေခဲ့တယ်။ ကျန်းချန်လည်း ဖန့်ယွိနျန်ကို တစ်ချက်စိုက်ကြည့်ပြီး အထဲကိုဝင်သွားတယ်။

ဖန့်ယွိနျန်က ရှန်းကျိုးကို မနေ့က ဘာဖြစ်ခဲ့လဲ မေးဖို့ ပါးစပ်ဖွင့်လိုက်သည်။ ရှန်းကျိုးက နောက်ပြန်လျောက်လာပြီး ချီလဲ့ကြိမေးလိုက်တယ်။

" အတူတူသွားမလား "

ချီလဲ့ လည်းပျင်းရီစွာသမ်းဝေလိုက်ကာ ရှန်းကျိုးနောက်ကလိုက်သွားတော့သည်။

ငါမင်းကိုလုံးဝပေးမကိုက်နိုင်ဘူး [ မြန်မာဘာသာပြန် ]Where stories live. Discover now